စပါးအသင်းသို့ နည်းပြချုပ်အဖြစ် ရောက်ရှိလာခဲ့သော ပေါ်တူဂီလူမျိုး နည်းပြမော်ရင်ဟိုသည် လာမည့်နွေ၌ စပါး ကစားသမားဟောင်းတစ်ဦးဖြစ်ခဲ့သော ဂါရက်ဘေးလ်ကို ခေါ်ယူရန် အလိုရှိနေကြောင်း စပိန်သတင်းများ က ရေးသားခဲ့သည်။
မော်ရင်ဟိုသည် မန်ယူအသင်းကို နည်းပြခဲ့စဉ်က ဂါရက်ဘေးလ်အား အရ ခေါ်ချင်ခဲ့သူဖြစ်သည်။ (၃၀)နှစ်အရွယ် ဝေးလ်တောင်ပံကစားသမား ဂါရက် ဘေးလ်သည် ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာမည်ဟု သတင်းများ မကြာခဏ ထွက်ပေါ်ခဲ့သည်။
ရီးရဲလ်မက်ဒရစ်အသင်း ပရိသတ် များနှင့် ဆက်ဆံရေးအဆင်မပြေသော ဂါရက်ဘေးလ်သည် ပြီးခဲ့သည့် နွေရာသီက တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့ ရန် အခွင့်အရေးရှိသော်လည်း အပြောင်း အရွှေ့ မဖြစ်မြောက်ခဲ့ပေ။
စပါးအသင်းသည် လာမည့် နွေရာသီ အပြောင်းအရွှေ့ ဈေး ကွက်၌ ဂါရက်ဘေးလ်အား ခေါ် ယူရန် ကြိုးစားတော့မည်ဖြစ်ကြောင်း သိရသည်။















