နိုဝင်ဘာ ၂၃ ရက် ပရီးမီးယားလိဂ် ပွဲစဉ်(၁၃)၌ မန်စီးတီးနှင့်ချယ်လ်ဆီး ထိပ်တိုက်တွေ့ မည်

နိုဝင်ဘာ ၂၃ ရက် ပရီးမီးယားလိဂ် ပွဲစဉ်(၁၃)၌ မန်စီးတီးနှင့်ချယ်လ်ဆီး ထိပ်တိုက်တွေ့ မည်

ယူရို ၂၀၂၀ ခြေစစ်ပွဲနှင့် နိုင်ငံတကာပွဲများအပြီး ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများ ယှဉ်ပြိုင် ကစားမည်ဖြစ်ရာ နိုဝင်ဘာ ၂၃ ရက်၌ ပရီးမီးယားလိဂ် ပွဲစဉ်(၁၃) ကစားမည်ဖြစ်သည်။

နိုဝင်ဘာ ၂၃ ရက်တွင် မန်စီးတီးနှင့် ချယ်လ်ဆီးတို့၏ ပွဲကြီးပွဲကောင်းအပါ အဝင် စုစုပေါင်းရှစ်ပွဲ ယှဉ်ပြိုင်မည်ဖြစ်သည်။ စပါးအသင်း နည်းပြသစ်ဖြစ်လာသော မော်ရင်ဟိုသည် ဝက်စ်ဟမ်းကွင်းသို့ သွားရောက်ရမည်ဖြစ်ပြီး ဝက်စ်ဟမ်းနှင့် စပါးတို့၏ပွဲကို နိုဝင်ဘာ ၂၃ ရက် ည ၇ နာရီတွင် ကစားမည်ဖြစ်သည်။

ပွဲစဉ်(၁၃)တွင် ဘုန်းမောက်–ဝုလ်၊ အာဆင်နယ်–ဆောက်သမ် တန်၊ ဘရိုက်တန်–လက်စတာ၊ ခရစ္စတယ်ပဲလေ့စ်–လီဗာပူး၊ အဲဗာ တန်–နောဝစ်ချ်၊ ဝက်ဖို့ဒ်–ဘန်လေ၊ မန်စီးတီး–ချယ်လ်ဆီး၊ ရှက် ဖီးလ်ယူနိုက်တက်–မန်ယူ၊ ဗီလာ–နယူးကာဆယ်တို့ ကစားကြမည်ဖြစ်သည်။ မန်ယူပွဲမှာ နိုဝင်ဘာ ၂၄ ရက် ည ၁၁ နာရီတွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

နိုဝင်ဘာ ၂၆ ရက်တွင် ပွဲစဉ်(၁၃)၏ နောက်ဆုံးပွဲအ ဖြစ် ဗီလာနှင့် နယူးကာဆယ်တို့ ကစားမည်ဖြစ်သည်။ ပရီးမီးယားလိဂ်ပွဲစဉ်(၁၂)အပြီး ချယ်လ်ဆီးအသင်းမှာ ၂၆ မှတ်ဖြင့် စတုတ္ထနေရာမှ မန်စီးတီးအသင်းကို တစ်မှတ်ဖြတ်ထားသည်။



ဖတ်ရှုမှုအများဆုံး