လီဗာပူးအသင်း တောင်ပံတိုက်စစ်မှူး ဆာလက်ချ်နှင့် နောက်ခံလူ ရောဘတ် ဆန်တို့သည် ခရစ္စတယ်ပဲလေ့စ်နှင့်ကစား မည့်ပွဲမတိုင်မီ အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ကြောင်း သိရသည်။
အီဂျစ်တိုက်စစ်မှူးလည်းဖြစ်သူ ဆာ လက်ချ်သည် လီဗာပူးအသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်သည်။ ဆာ လက်ချ်သည် ခြေချင်းဝတ်ဒဏ်ရာကြောင့် အောက်တိုဘာနောက်ပိုင်း ရုန်းကန်ခဲ့ရသူ ဖြစ်သည်။
ဆာလက်ချ်သည် လက်ရှိတွင် အသင်းကြီးနှင့်အတူ လေ့ကျင့်ခန်းပြန် ဆင်းနိုင်ခဲ့ရာ ပဲလေ့စ်နှင့်ပွဲ၌ ပါဝင်ကစား နိုင်ရန် ရာခိုင်နှုန်းများနေသည်။ ဆာ လက်ချ်သည် ယခုနှစ်ဘောလုံးရာသီတွင် လီဗာပူးအသင်းအတွက် ကိုးဂိုးသွင်းယူ ထားသူဖြစ်သည်။
ရောဘတ်ဆန်မှာ ခြေချင်းဝတ်ဒဏ် ရာရရှိနေသောကြောင့် စကော့တလန် အသင်းကစားခဲ့သော ယူရို ၂ဝ၂ဝ ခြေ စစ်ပွဲများလွဲချော်ခဲ့သည်။ ဆာလက်ချ် နှင့်ရောဘတ်ဆန်တို့သည် ပဲလေ့စ်ပွဲတွင် ပါဝင်နိုင်မည်ဟု ဒေးလီးမယ်ရာက ဆိုခဲ့ သည်။ လီဗာပူးသည် ယမန်နှစ်က ပဲလေ့စ် ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့်အနိုင်ရခဲ့ကြောင်း သိရသည်။















