ကစားသမားသစ်မလိုအပ်ကြောင်း စပါးနည်းပြမော်ရင်ဟိုပြောကြား အဆင့် လေးဝင်ပါက အပိုဆုကြေး ပေါင်နှစ်သန်းရမည်ဟုသိရ

ကစားသမားသစ်မလိုအပ်ကြောင်း စပါးနည်းပြမော်ရင်ဟိုပြောကြား အဆင့် လေးဝင်ပါက အပိုဆုကြေး ပေါင်နှစ်သန်းရမည်ဟုသိရ

လန်ဒန်ကလပ် စပါးနည်းပြသစ်ဖြစ်လာခဲ့သော ပေါ်တူဂီ လူမျိုး ဟိုဆေးမော်ရင်ဟိုက ၎င်းအတွက် ကစားသမားသစ် မလိုအပ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် အသိပေး ပြောကြားခဲ့သည်။

စပါးအသင်းသည် ယခုနှစ်ဘောလုံး ရာသီတွင် ရလဒ်ဆိုးရွားမှုကြောင့် ကာလရှည်လက်တွဲ ခဲ့သော နည်းပြပိုချက်တီနိုကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် ၁၁ နာရီသာကြာမြင့်၍ မော်ရင်ဟိုအား နည်းပြသစ်ခန့် အပ်ခဲ့ခြင်းဖြစ်သည်။

စပါးသည် ယမန်နှစ်ဘောလုံးရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သော်လည်း ယခုနှစ် ပရီးမီးယားလိဂ် ၁၂ ပွဲကစားပြီးချိန် သုံးပွဲသာ အနိုင်ရကာ အဆင့်(၁၄)နေရာတွင် ရပ်တည်နေသည်။

စပါးနည်းပြအဖြစ် မော်ရင်ဟို တာဝန်ယူလိုက်ပြီးနောက်ပိုင်း ကစားသမားဟောင်း ဂါရက်ဘေးလ်နှင့် ပေါ်တူဂီကစား သမား ဘရူနိုဖာနန်ဒက်စ်တို့ ရောက်ရှိလာဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေသည်။

သို့သော် နည်းပြမော်ရင်ဟိုက စပါးအသင်း၌ပါဝင် ကစားနေသည့်သူများမှာ အကောင်းဆုံးလက်ဆောင်ဖြစ် ကြောင်း၊ ကစားသမားများနှင့် အလုပ်လုပ်ခွင့်ရ၍ ပျော်ရွှင် မိကြောင်း၊ ၎င်းအတွက် ကစားသမားသစ်မလိုအပ်ကြောင်း နှင့် လက်ရှိကစားသမားများအကြောင်းသိရန်သာ လိုအပ် နေဟု ပြောကြားခဲ့သည်။ ဆက်လက်၍ မော်ရင်ဟိုက ယခုရာသီတွင် စပါးအသင်း ပရီးမီးယားလိဂ်မရနိုင်တော့ ဟုလည်း အသိပေးခဲ့သည်။

မော်ရင်ဟိုသည် ရာသီကုန်၌ စပါးအသင်းကို အဆင့် (၄)အတွင်းဝင်ရောက်ရန် စွမ်းဆောင်နိုင်ခဲ့ပါက အပိုဆု ကြေး ပေါင်နှစ်သန်း အကျိုးခံစားခွင့်ရမည်ဖြစ်ကြောင်း ဗြိတိန်သတင်းများက ဖော်ပြခဲ့သည်။ မော်ရင်ဟိုသည် စပါးအသင်းတွင် တစ်နှစ်လုပ်ခလစာ ပေါင် ၁၅ သန်း ရရှိနေသူဖြစ်သည်။ စပါးသည် ပရီးမီးယားလိဂ်ငါးပွဲ အနိုင် ပျောက်နေပြီး အဆင့်(၄)အသင်းနှင့် ၁၁ မှတ်ကွာဟနေ သည်။ မော်ရင်ဟိုသည် စပါးနည်းပြအဖြစ် ဝက်စ်ဟမ်း

ပွဲပြီးနောက် အိုလံပီယာကို့စ်၊ ဘုန်းမောက်၊ မန်ယူတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး