မန်စီးတီးအဓိကဂိုးသမား အီဒါဆန် ချယ်လ်ဆီးပွဲအတွက် အဆင်သင့်ဖြစ်နေ

မန်စီးတီးအဓိကဂိုးသမား အီဒါဆန် ချယ်လ်ဆီးပွဲအတွက် အဆင်သင့်ဖြစ်နေ

မန်စီးတီးအဓိကဂိုးသမား အီဒါဆန် သည် ယနေ့ကစားမည့် ချယ်လ်ဆီးနှင့် ပွဲကြီးပွဲကောင်းအတွက် ပါဝင်ကစားရန် အဆင်သင့်ဖြစ်နေကြောင်း သိရသည်။ ဂိုးသမားအီဒါဆန်သည် ဒဏ်ရာပြဿနာ ကြောင့် လီဗာပူးနှင့် ကစားခဲ့သည့်ပွဲကို လွဲချော်ခဲ့သူဖြစ်သည်။

အီဒါဆန်သည် လက်ရှိအချိန်တွင် ပေါင်ခြံဒဏ်ရာ ပြန် လည်သက်သာလာပြီးနောက် ပွဲထွက် ကစားရန် ကြံ့ခိုင်မှုပြည့်ဝကာ အသင်းနှင့် အတူ လေ့ကျင့်ခန်းဆင်းခဲ့ပြီးဖြစ်သည်။ မန်စီးတီးအတွက် အီဒါဆန် ပြန်လည် ကစားနိုင်မည်ဖြစ်ရာ နည်းပြဂွာဒီယိုလာ အတွက် သတင်းကောင်းဖြစ်နေသည်။

မန်စီးတီးအခြားကစားသမားနှစ်ဦး ဖြစ်သည့် တောင်ပံကစားသမား ဆာနေး နှင့် နောက်ခံလူ လာပေါ်တီတို့မှာလည်း မကြာမီအချိန်အတွင်း အသင်းအတွက် ပြန်ကစားပေးနိုင်မည်ဖြစ်သည်။ ဆာနေး သည် သြဂုတ်လက ကွန်မြူနတီဒိုင်းပွဲ တွင် ဒူးဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီးနောက် အနားယူနေရသူဖြစ်သည်။

ပြင်သစ်နောက်ခံလူ လာပေါ်တီမှာ လည်း ဘရိုက်တန်အား ဂိုးပြတ်အနိုင် ရခဲ့သည့်ပွဲတွင်ဒဏ်ရာရရှိခဲ့၍ အနားယူ နေရသည်။ လာပေါ်တီသည် ဒူးဒဏ်ရာ ခွဲစိတ်ကုသမှုခံယူခဲ့ရသည်။ ၎င်းသည် လာမည့် ၂ဝ၂ဝ ဇန်နဝါရီ သို့မဟုတ် ဖေဖော်ဝါရီတွင် အသင်းအတွက်ပြန်လည် ကစားနိုင်ဖွယ်ရှိနေသည်။



ဖတ်ရှုမှုအများဆုံး