ဘယ်လ်ဂျီယံ အဓိက ကစားသမားဟာဇက်က ချယ်လ်ဆီးအသင်း၌ ပါဝင်ကစားနေ စဉ် ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ရကြောင်း ပြန်ပြောင်း ပြောကြားခဲ့သည်။
အသက်(၂၈)နှစ်အရွယ် ဟာဇက်သည် လိုင်လီမှ ချယ်လ်ဆီးသို့ ပြောင်း ရွှေ့ခဲ့ပြီးနောက် လန်ဒန်ကလပ်၌ ခုနစ်နှစ်ကြာ ပါဝင်ကစားခဲ့သူ ဖြစ်သည်။ ဟာဇက်သည် ချယ်လ်ဆီးသို့မပြောင်းမီ လိုင်လီအသင်းအတွက် ပွဲ ၂၀ဝ နီးပါး ကစားခဲ့သူဖြစ်ပြီး အောင် မြင်မှုများလည်း ရရှိခဲ့သည်။
ပီအက်စ်ဂျီသည် ချယ်လ်ဆီး၌ ကစားခဲ့သော ဟာဇက် ကိုခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အပြောင်း အရွှေ့ အထမမြောက်ခဲ့ပေ။ ဟာဇက်သည် အသင်း ဟောင်း လိုင်လီကို သစ္စာစောင့်သိသောကြောင့် ပြင်သစ်လီဂူးသို့ ပြန်သွားဖြစ်ပါက လိုင်လီမှ လွဲ၍ အခြားအသင်းကို ရွေးချယ်ရန် ဆန္ဒ မရှိခဲ့ပေ။
ဟာဇက်က "ပီအက်စ်ဂျီအသင်း က ကျွန်တော့်ကို လိုချင်တယ်၊ ကျွန် တော်ကလည်း ပြင်သစ်လီဂူးကို ပြန် မသွားချင်ဘူး။ လိုင်လီကလွဲပြီး ပြင်သစ် လီဂူး အခြားကလပ်မှာ မကစားချင်ဘူး။ ဒီတော့ ပီအက်စ်ဂျီကို အမြဲတမ်း ငြင်းခဲ့ ရတယ်။
လက်ရှိမှာတော့ ပြင်သစ်ကို ပြန်သွား ဖို့အစီအစဉ်မရှိပါဘူး။ ပြန်သွားဖြစ်ရင်လည်း အသင်း ဟောင်း လိုင်လီကိုပဲ သွားမှာပါ"ဟု ပြောခဲ့သည်။ ဟာဇက် သည် ချယ်လ်ဆီး၌ အောင်မြင်မှုရခဲ့ပြီးနောက် ရီးရဲလ် သို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။















