မန်ယူအသင်းနှင့် သတင်းထွက်နေသော အီတလီ ကွင်းလယ်လူ ဇန်နီယိုအိုလိုက ၎င်းအနေဖြင့် အသင်း ပြောင်းရွှေ့ရန်ထက် ရောမကလပ် ရိုးမားအတွက်သာ ပေးဆပ်မည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။
အသက် (၂၀)နှစ်အရွယ် ဇန်နီယိုအိုလိုသည် ယမန် နှစ်က ရိုးမားအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ခြေစွမ်း ပြကစားနေသည်။ မန်ယူသည် ဇန်နီယိုအိုလိုအား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများ မကြာခဏ ထွက်ပေါ်ခဲ့သည်။ ဇန်နီယိုအိုလိုသည် ရိုးမားအသင်းနှင့် လာမည့် ၂၀၂၄ ခုနှစ်အထိ သက်တမ်း ရှိနေသည်။
ဇန်နီယိုအိုလိုက "ဒီရာသီ ရည်မှန်းချက်က လာ မယ့်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ပါ။ ရိုးမားမှာ ကျွန် တော် ပျော်ရွှင်နေပါတယ်။ ရိုးမားအသင်းက ကျွန် တော့်ကို ယုံကြည်မှု အများကြီးပေးတယ်။ အခုဆို ရင် ကွင်းထဲမှာအကောင်းဆုံးကစားရင်း ကျွန် တော် ပြန်ပေးဆပ်နေပါတယ်။ ကျွန်တော် ရိုးမားအသင်းမှာ နေသားကျနေပါပြီ"ဟု ပြောကြားခဲ့သည်။
ဇန်နီယိုအိုလိုသည် ယခုနှစ် ရာသီတွင် ရိုးမားအသင်းအတွက် ငါးဂိုး သွင်းယူပေးထားသည်။
၎င်းသည် အာမေးနီးယား အား ကိုးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့ သည့် ယူရို ၂၀၂၀ ခြေစစ်ပွဲတွင် အီတလီအသင်းအတွက် နှစ်ဂိုး သွင်းယူကာ ခြေစွမ်းပြခဲ့သည်။















