မော်ရင်ဟိုကို ဂွာဒီယိုလာနှင့် ဂျာဂင်ကလော့ပ်တို့ကြိုဆို

မော်ရင်ဟိုကို ဂွာဒီယိုလာနှင့် ဂျာဂင်ကလော့ပ်တို့ကြိုဆို

ပရီးမီးယားလိဂ် နာမည်ကြီးနည်းပြ များဖြစ်သော ဂွာဒီယိုလာနှင့် ဂျာဂင် ကလော့ပ်တို့သည် ပရီးမီးယားလိဂ်သို့ ပြန်ရောက်လာခဲ့သော နည်းပြ မော်ရင်ဟို ကိုကြိုဆိုကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။

ပေါ်တူဂီလူမျိုးနည်းပြ မော်ရင် ဟိုသည် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာက မန်ယူ အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် နည်းပြ လောကနှင့် အဆက်အသွယ်ပြတ်ခဲ့သည်။ မော်ရင်ဟိုသည် လက်ရှိတွင် စပါးနည်းပြ အဖြစ် ပရီးမီးယားလိဂ်သို့ တစ်ကျော့ပြန် လည် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာက ''ကျွန်တော့်အထင် ပြောရရင် ခင်ဗျား တို့က သူ့အကြောင်းကို ကျွန်တော့်ထက် ကောင်းကောင်း ပိုသိမှာပါ။ မော်ရင်ဟို ဟာ ပရီးမီးယားလိဂ်မှာ မတူညီတဲ့ကလပ် တွေနဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပါတယ်၊ သူ့ကို ကြိုဆိုပါတယ်။ မော်ရင်ဟိုဟာ မယုံကြည်နိုင်စရာ ကောင်းတဲ့ နည်းပြကောင်းတစ်ဦးပါ။ သူအကောင်းဆုံး လုပ်ဆောင်နိုင်မယ်လို့ ပြောရဲတယ်'' ဟု ပြောသည်။ လီဗာပူးနည်းပြ ကလော့ပ် ကလည်း မော်ရင်ဟို ပြန်ရောက်လာသည့် အတွက် ဝမ်းသာမိကြောင်း အသိပေး ပြောကြားခဲ့သည်။



ဖတ်ရှုမှုအများဆုံး