ဘရာဇီး တောင်ပံကစားသမားဖြစ်သည့် လူးကပ်မိုရာသည် စပါးအသင်းမှ နည်းပြပိုချက်တီနို ထုတ်ပယ်ခံခဲ့ရ၍ ပျော်ရွှင်နေဟု ဘရာဇီးသတင်းများက အခိုင်အမာ ဖော်ပြခဲ့သည်။ နည်းပြပိုချက်တီ နိုသည် စပါးအသင်း၌ ငါးနှစ်ခွဲ ကြာမြင့်ခဲ့ပြီးနောက် ယခုရာသီ ရလဒ်ဆိုးများကြောင့် ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။
စပါးအသင်း၏လုပ်ရပ်မှာ အံ့အားသင့်စရာ ကောင်းခဲ့သော်လည်း ပရိသတ်အများစုကမူ အပြောင်းအလဲ ပြုလုပ်ချိန်တန်ပြီ ဟု ယူဆခဲ့ကြသည်။
ပီအက်စ်ဂျီ၌လည်း ကစားခဲ့ဖူး သော မိုရာသည် ယမန်နှစ်ချန်ပီ ယံလိဂ်ဗိုလ်လုပွဲ တက်ရောက်ခဲ့ ရာ၌ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြခဲ့သော်လည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ပွဲထွက်ခွင့်မရခဲ့ပေ။ နည်းပြ ပိုချက်တီနိုနှင့် မိုရာတို့အကြား ဆက်ဆံရေး အေးစက်ခဲ့ပြီး မိုရာမှာ နေရာရရန်အတွက် ရုန်းကန်ခဲ့ရသည်။
ချန်ပီယံလိဂ်ဗိုလ်လု ပွဲတွင် ချန်လှပ်ခံခဲ့ရစဉ်က စိတ်မကောင်းဖြစ်မိကြောင်း မိုရာက ပြောခဲ့ဖူးသည်။
မိုရာသည် အသင်း၌ ပိုချက်တီနိုမရှိတော့၍ ကျေနပ်နေပြီး မော်ရင်ဟိုကို ကြိုဆိုလိုက်ကြောင်း သိရသည်။ မော်ရင်ဟိုသည် ၎င်း၏ နည်းပြဘဝ၌ လူးကပ်မိုရာအားခေါ်ယူရန် နှစ်ကြိမ်တိုင် ကြိုးစားခဲ့ဖူးသည်။















