ဂိုးပြတ်နိုင်ပွဲရ အင်တာမီလန်အသင်း စံချိန်တစ်ခုလိုက်မီနိုင်

ဂိုးပြတ်နိုင်ပွဲရ အင်တာမီလန်အသင်း စံချိန်တစ်ခုလိုက်မီနိုင်

နည်းပြ ကွန်တီလက်အောက်တွင် ရလဒ်များကောင်းနေသော အင်တာ မီလန်သည် နိုဝင်ဘာ ၂၃ ရက်က စီးရီးအေပွဲအဖြစ် တိုရီနိုကွင်းတွင် ကစားခဲ့ရာ မာတီနက်ဇ်၊ ဒီဗာရစ်နှင့် လူကာကူတို့၏ ဂိုးများကြောင့် သုံးဂိုး ပြတ် အနိုင်ရခဲ့ပြီးနောက် စံချိန်တစ်ခု လိုက်မီခဲ့ကြောင်း သိရသည်။

အင်တာ မီလန်သည် စီးရီးအေရာသီသစ် အစော ပိုင်း၌ပင် ရလဒ်များ ကောင်းနေခြင်း ဖြစ်ပြီး တိုရီနိုကို အနိုင်ရခဲ့၍ ၁၉၅၀–၅၁ ဘောလုံးရာသီက စံချိန်တစ်ခုကို လိုက်မီခဲ့သည်။

အင်တာမီလန်သည် ၁၉၅၀–၅၁ ဘောလုံးရာသီတွင် ရာသီ အစ ကနဦး စီးရီးအေ ၁၃ ပွဲ ကစား ခဲ့ရာ ၁၁ ပွဲ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူ မှာ စီးရီးအေ ၁၃ ပွဲ ကစားပြီးချိန် ၁၀ ဂိုးသွင်းယူနိုင်ခဲ့၍ ၁၉၄၈–၄၉ ဘောလုံးရာသီက စတီဖာနိုအန်ရာ၏ စီးရီးအေ ပွဲဦးထွက်ရာသီ ဂိုးသွင်းစံချိန် ကို လိုက်မီခဲ့သည်။

အင်တာမီလန်သည် စီးရီးအေ အဝေးကွင်း ခုနစ်ပွဲဆက်တိုက် အနိုင် ရခဲ့ခြင်းမှာ အသင်းအတွက် အဝေး ကွင်းပွဲဆက်အကြာဆုံး နိုင်ပွဲရ စံချိန် သစ်ဖြစ်ခဲ့သည်။ နည်းပြ ကွန်တီက ပေးဂိုးမရှိခဲ့၍ ပျော်ရွှင်မိကြောင်း ပြောခဲ့သည်။ အင်တာမီလန် ကစား သမားတစ်ဦးဖြစ်သူ ဘာရယ်လာမှာ တိုရီနိုပွဲ၌ ဒူးဒဏ်ရာရရှိခဲ့သည်။

ဆန်းချက်ဇ်၊ ဆန်စီ၊ အဆာမို၊ ပိုလီတာနိုနှင့် ဂက်လီယာဒီနီတို့ ဒဏ် ရာရနေ၍ ဘာရယ်လာ ထပ်မံ၍ ဒဏ်ရာရခဲ့ခြင်းမှာ အင်တာမီလန် နည်းပြ ကွန်တီအတွက် သတင်းဆိုး ဖြစ်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး