နာပိုလီနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲအတွက် တိုက်စစ်မှူးဆာလက်ချ် ကြံ့ခိုင်မှုပြည့်ဝနေမည်ဖြစ်ကြောင်း ဂျာဂင်ကလော့ပ်ဖွင့်ဟ

နာပိုလီနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲအတွက် တိုက်စစ်မှူးဆာလက်ချ် ကြံ့ခိုင်မှုပြည့်ဝနေမည်ဖြစ်ကြောင်း ဂျာဂင်ကလော့ပ်ဖွင့်ဟ

 လီဗာပူးအသင်းနည်းပြ ဂျာဂင်ကလော့ပ်က အဓိကတိုက်စစ်မှူးဆာလက်ချ်မှာ ကြားရက်၌ ကစားမည့် နာပိုလီအသင်းနှင့် ချန်ပီယံလိဂ်အုပ်စုပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝနေမည် ဖြစ်ကြောင်း ခရစ္စတယ်ပဲလေ့စ်အား နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲအပြီး ဖွင့်ဟပြောကြားခဲ့သည်။

အီဂျစ် တောင်ပံတိုက်စစ်မှူး ဆာလက်ချ်သည် လွန်ခဲ့သည့် ခြောက်ပတ်ခန့်က လက်စတာကစားသမား ချောက် ဟာရီ၏ကစားပုံကြမ်းတမ်းမှုကြောင့် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့သူဖြစ်သည်။ လီဗာပူးနည်းပြကလော့ပ် သည် ပဲလေ့စ်အားအနိုင်ရခဲ့သည့်ပွဲတွင်မူ ဆာလက်ချ်ကိုအသုံးမပြုဘဲ အနားပေးခဲ့သည်။

 ကြံ့ခိုင်မှု အလုံးစုံပြည့်ဝစေရန်အတွက် ဆာလက်ချ်အားအနားပေးခဲ့မှုမှာ မှန်ကန်သည်ဟု ကလော့ပ်က ယုံကြည်နေသည်။

ဂျာဂင်ကလော့ပ်က "ဆာလက်ချ်ရဲ့ အခြေအနေကောင်းပါတယ်။ သူဟာ ဒဏ်ရာအကင်းမသေတာကြောင့် ကိုးရက်လောက် လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ဘူး။ သူဟာ အီဂျစ်အသင်းနဲ့အတူ ရှိနေခဲ့တယ်။ ဆာလက်ချ်ဟာ တစ်ရက်ကို ၆၀၊ ၇၀ ရာခိုင်နှုန်းလောက်ပဲ လေ့ကျင့်မှုပြုလုပ်နိုင်ခဲ့တယ်။ သူဟာ မနေ့ကမှ ပထမဆုံးအကြိမ် ရာနှုန်းပြည့်လေ့ကျင့်ခန်း လုပ်နိုင် ခဲ့တယ်။ ကျွန်တော်တို့ ပဲလေ့စ်ပွဲမှာ သူ့ကို ပွဲထုတ်မသုံးခဲ့ဘဲ အနားပေးခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ကျရင်တော့ ဆာလက်ချ်ဟာ ပြန်လည်ကစားဖို့ ကြံ့ခိုင်မှုပြည့်ဝနေမှာပါ"ဟု ပြောသည်။



ဖတ်ရှုမှုအများဆုံး