ချန်ပီယံလိဂ်၌ စီရိုနယ်ဒို ပြန်လာမည်ဟု နည်းပြဆာရီမျှော်လင့်

ချန်ပီယံလိဂ်၌ စီရိုနယ်ဒို ပြန်လာမည်ဟု နည်းပြဆာရီမျှော်လင့်

ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီက အတ္တလန္တာအား သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် အဓိကတိုက်စစ်မှူး စီရိုနယ်ဒိုအား အသုံးမပြုဘဲ အနားပေးခဲ့ခြင်းအတွက် နောင်တမရကြောင်းနှင့် ပေါ်တူဂီတိုက်စစ်မှူးမှာ အက်သလက်တီကိုနှင့် ချန်ပီယံလိဂ်အုပ်စုပွဲတွင် ကြံ့ခိုင်မှုအပြည့်ဖြင့် ပြန်လာနိုင်မည်ဟု မျှော်လင့်ထားကြောင်း ဖွင့်ဟခဲ့သည်။

နည်းပြ ဆာရီ သည် ဒူးဒဏ်ရာပြဿနာရှိနေသော စီရိုနယ်ဒိုကိုစွန့်စား၍ အသုံးမပြုခဲ့ဘဲ အနားပေးခဲ့ခြင်း ဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းအတွက် ဟီဂူအင်တစ်ဦး တည်းက နှစ်ဂိုးသွင်းယူခဲ့ပြီး ဒိုင်ဘာလာက တစ်ဂိုးသွင်းပေးခဲ့သည်။

စီရိုနယ်ဒိုမှာ အင်္ဂါညကစားရမည့် ချန်ပီယံလိဂ်ပွဲတွင် ပါဝင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ ပေါ်တူဂီသားမှာ လေ့ကျင့်ခန်းဆက်တိုက် လုပ်ရန် အခက်အခဲများရှိနေကြောင်း၊ အတ္တလန္တာပွဲတွင်အနားပေးခဲ့၍ ပြဿနာ တစ်စုံတစ်ရာမရှိကြောင်း နည်းပြဆာရီက ပြောကြားခဲ့သည်။

စီရိုနယ်ဒိုသည် ယခုနှစ် ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၁၄ ပွဲ ကစားခဲ့ရာ ခြောက်ဂိုးသွင်းယူထားသည်။ နိုင်ပွဲရခဲ့သော ဂျူဗင်တပ်စ် အသင်းသည် စီးရီးအေ ၁၃ ပွဲ ကစားပြီးချိန် ၁၁ ပွဲနိုင်၊ နှစ်ပွဲ သရေ၊ ၃၅ မှတ်ဖြင့် ဒုတိယနေရာမှ အင်တာမီလန်ကို တစ်မှတ် ဖြတ်ကာ ဇယားထိပ်ဆုံးမှ ဦးဆောင်နေသည်။



ဖတ်ရှုမှုအများဆုံး