၃၄ နှစ်အတွင်း မန်ယူ၏ ပရီးမီးယားလိဂ် အဝေးကွင်းခံစစ် အဆိုးရွားဆုံးဖြစ်နေ ရှက်ဖီးလ်ပွဲတွင် ဖာဂူဆန်နှင့် မန်ယူစီအီးအို ငြင်းခုံခဲ့ဟု မီဒီယာများဖော်ပြ

၃၄ နှစ်အတွင်း မန်ယူ၏ ပရီးမီးယားလိဂ် အဝေးကွင်းခံစစ် အဆိုးရွားဆုံးဖြစ်နေ ရှက်ဖီးလ်ပွဲတွင် ဖာဂူဆန်နှင့် မန်ယူစီအီးအို ငြင်းခုံခဲ့ဟု မီဒီယာများဖော်ပြ

မန်ယူအသင်းသည် နိုဝင်ဘာ ၂၄ ရက်က ရှက်ဖီးလ်ယူနိုက်တက်ကွင်းတွင် သွားရောက် ယှဉ်ပြိုင်ခဲ့ရာ သုံးဂိုးစီ သရေကျခဲ့ကြောင်း သိရသည်။ နှစ်သင်းစလုံးတွင် အဓိကကစား သမားများပါဝင်ခဲ့ပြီး အားကြိုးမာန်တက် ကစားခဲ့ကြ၍ ပွဲကြည့်ကောင်းခဲ့သည်။

ရှက် ဖီးလ်သည် ပွဲချိန် ၁၉၊ ၅၂ မိနစ်၌ ဂိုးများ သွင်းယူခဲ့ပြီး မန်ယူအား ခြိမ်းခြောက်နိုင်ခဲ့ သည်။ မန်ယူသည် ဒုတိယပိုင်း ခုနစ်မိနစ် အတွင်း သုံးဂိုးပြန်သွင်းခဲ့ပြီး ဝီလျံ၊ ဂရင်းဝုဒ် နှင့် ရက်ဖို့ဒ်တို့က ပွဲချိန် ၇၂၊ ၇၇၊ ၇၉ မိနစ်၌ ဂိုးများသွင်းခဲ့ကြသည်။ ရှက်ဖီးလ်ယူနိုက်တက် သည် ပွဲပြီးလုချိန်တွင် ချေပဂိုး ပြန်ရခဲ့၍ မန်ယူအသင်း နစ်နာခဲ့ရသည်။

မန်ယူအသင်းသည် ယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ် ရလဒ်များ ယိမ်းယိုင်နေပြီး ရှက်ဖီးလ်ကွင်း၌လည်း ဂိုးပေးခဲ့ရ၍ ၃၄ နှစ် အတွင်း ပရီးမီးယားလိဂ် အဝေးကွင်းခံစစ် အဆိုးရွားဆုံး အခြေအနေဖြင့် ရင်ဆိုင်နေရ သည်။ မန်ယူသည် နောက်ဆုံးကစားခဲ့သော ပရီးမီးယားလိဂ် အဝေးကွင်း ၁၂ ပွဲ ဆက်တိုက် ပွဲတိုင်း ဂိုးပေးခဲ့ရသည်။

မန်ယူသည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ အစောပိုင်းက ဖူလ်ဟမ် ကွင်းတွင် သုံးဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ပရီး မီးယားလိဂ် အဝေးကွင်းပွဲတိုင်း ဂိုးပေးခဲ့ရသည်။ မန်ယူသည် ၁၉၈၅–၁၉၈၆ ဘောလုံးရာသီ က အင်္ဂလန် အဆင့်မြင့်တန်း အဝေးကွင်း ၁၅ ပွဲဆက် ဂိုးပေးခဲ့ရဖူးသည်။

ရှက်ဖီးလ်ယူနိုက်တက်ပွဲသို့ မန်ယူ ဂန္ထဝင် နည်းပြဟောင်း ဆာအဲလက်ဖာဂူဆန် လာရောက်ကြည့်ရှုခဲ့သည်။ ဖာဂူဆန်သည် ပွဲကြည့် စင်ပေါ်တွင် မန်ယူအသင်း စီအီးအို အက်ဝုဒ် ဝက်ဒ်နှင့် အချိန်တစ်ခုကြာ စကားပြောခဲ့ကြပြီး အငြင်းအခုံဖြစ်ခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့ကြသည်။

ပွဲကြည့် စင်ပေါ်တွင် ဖာဂူဆန်၊ အက်ဝုဒ်ဝက်ဒ်တို့နှင့် အတူ မန်ယူအမှုဆောင် အရာရှိချုပ်ဟောင်း ဒေးဗစ်ဂီးလ်လည်း ရှိနေခဲ့သည်။ အက်ဝုဒ်ဝက်ဒ် သည် ဖာဂူဆန်အား  အော်ဟောက်ခဲ့ပုံကိုလည်း မီဒီယာများက မီးမောင်းထိုးပြခဲ့သည်။ ဖာဂူ ဆန်နှင့် အက်ဝုဒ်ဝက်ဒ်သည် မည်သည့်အကြောင်း အရာ ပြောဆိုသည်ကိုမူ မသိရပေ။

မန်ယူသည် ပရီးမီးယားလိဂ် ပွဲစဉ် (၁၃)အပြီး လေးပွဲနိုင်၊ ငါးပွဲသရေ၊ လေးပွဲရှုံး၊ သွင်း ဂိုး ၁၉ ဂိုး၊ ပေးဂိုး ၁၅ ဂိုး၊ ရမှတ် ၁၇ မှတ်ဖြင့် အဆင့် (၉)နေရာတွင် ရပ်တည်နေသည်။ မန်ယူသည် အဆင့်(၁)မှ လီဗာပူး အသင်းနှင့် အမှတ်(၂၀) ကွာဟနေပြီး အဆင့်(၄)နေရာမှ ချယ်လ်ဆီးနှင့် (၉)မှတ် ကွာဟနေသည်။



ဖတ်ရှုမှုအများဆုံး