လှိုင်သာယာမြို့နယ်တွင် ပထွေးဖြစ်သူက အသက် ၁၅ နှစ်အရွယ်သမီးငယ်ကို အဓမ္မပြုကျင့်မှုအား သက်ဆိုင်ရာက ယနေ့ နိုဝင်ဘာ ၂၅ ရက်တွင် ဖမ်းဆီးအရေးယူထားသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက်၁၁နာရီခွဲခန့်တွင် လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက် အပိုင်း(၆)၌ အသက် ၁၅ နှစ်အရွယ်ကလေးငယ်သည် မိခင်ဖြစ်သူ အလုပ်သွားနေသဖြင့် နေအိမ်တွင်ရှိနေစဉ် မိခင်ဖြစ်သူ၏ နောက်ယောကျာ်း နေလင်းထက်(ခ)ကိုထက်(၂၁ နှစ်)က ဖုန်းဖြင့် ဂိမ်းဆော့စေခဲ့ပြီးနောက် နောက်မှ သိိုင်းဖက်ကာ အဓမ္မပြုကျင့်ခဲ့သည်။
အဆိုပါကိစ္စကို ကလေးငယ်က အိမ်နီးချင်း အမျိုးသမီးတစ်ဦးအား ပြောဆိုအကူအညီတောင်းကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။
သက်ဆိုင်ရာက အဓမ္မပြုကျင့်သူ နေလင်းထက်(ခ) ကိုထက် ကို ဖမ်းဆီးခဲ့ပြီးရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူထား ကြောင်း ကနဦး သိရသည်။

















