နှစ်နှစ်ကျော်ကြာထွက်ပြေးနေသည့် တရားခံကို ဌာနတံဆိပ်တုံးအတုများနှင့် ဖမ်းမိ

နှစ်နှစ်ကျော်ကြာထွက်ပြေးနေသည့် တရားခံကို ဌာနတံဆိပ်တုံးအတုများနှင့် ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တွင် နှစ် နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေးတစ်ဦးကို စာရွက်စာတမ်း၊ ဌာနဆိုင်ရာတံဆိပ်တုံး အတုများနှင့်အတူ သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့သည်။

မဟာအောင်မြေမြို့မရဲစခန်း၏ (ပ)၇၉၂/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၄၀/ ၄၄၇/၄၂၇/ ကျင့် ၅၁၂ အမှုမှ တရားခံပြေးတစ်ဦးဖြစ်သည့် ဇော်ဝင်းထွန်း(၅၀)နှစ်မှာ ထွက်ပြေးတိမ်းရှောင်နေရာမှ ၎င်း၏ နေအိမ်သို့ ပြန်ရောက်ရှိနေကြောင်း သတင်းအရ မဟာအောင်မြေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၂၄ ရက် နံနက် ၆ နာရီခွဲတွင် ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ဖမ်းဆီးစဉ် ၎င်း၏ကျောပိုးအိတ်နှင့် နေအိမ်အတွင်းတို့မှ ဌာနဆိုင်ရာတံဆိပ်တုံးအတု ၇၂ ခု၊ စာရွက်စာတမ်းအတု/မိတ္တူ ၃၅၉ ရွက်၊ လက်ပ်တော့ ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများကိုတွေ့ရှိ သိမ်းဆည်းရမိခဲ့သောကြောင့်  အရေးယူပေးရန် တိုင်ကြားခဲ့သည်။

ချမ်းမြသာစည်၊ အမှတ်-၁၁ နယ်မြေရဲစခန်းက (ပ)၆၄၄/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၁၉/ ၄၈၄/ ၄၇၄/ ၄၆၈ တို့ အရ အမှုဖွင့်အရေးယူထားသည်။