အာဆင်နယ် နောက်ခံကစားသမား ဟောင်း တစ်ဦးဖြစ်သော မာတင်ကီယွန်က နည်းပြ အမ်မရီလက်အောက် အာဆင်နယ် အသင်းမှာ နစ်မြုပ်နေသည့် သင်္ဘောတစ်စင်း ဖြစ်နေကြောင်း ပြောဆိုလိုက်သည်။
အာဆင်နယ်သည် လက်ရှိအချိန်တွင် ပြိုင်ပွဲစုံ ခြောက်ပွဲဆက် အနိုင်ပျောက်နေပြီး နောက် ဆုံး ပွဲ၌လည်း အိမ်ကွင်း ၌ဆောက် သမ်တန်ကို အသည်းအ သန် ကစားခဲ့ရ သည်။
ရလဒ်များ ဆိုးနေ ၍ အာဆင်နယ် ပရိသတ်များက အမ်မရီကို ရာထူးမှ ထုတ်ပယ်ရန် တောင်းဆိုနေကြသည်။
မာတင်ကီယွန်က "အာဆင် နယ်အသင်းဟာ လက်ရှိအချိန်မှာ တော့ အရာရာ ပျောက်ဆုံးနေပါတယ်။ နစ်မြုပ်နေတဲ့ သင်္ဘောတစ်စင်း ဖြစ်နေတယ်။ ဒီရာသီမှာ အာဆင်နယ်ထက် ဂိုးပေါက်ခြိမ်း ခြောက်ခံရတာဆိုလို့ ဗီလာနဲ့ နောဝစ်ချ်ပဲရှိ တယ်။ ပရိသတ်တွေကလည်း အသင်းက သင်္ဘောပျက်လို ဖြစ်နေတယ်ဆိုတာကို ခံစား နေရတယ်"ဟု ပြောသည်။
နောက်ဆုံး ပရီးမီးယားလိဂ် ရှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ သည့် ဆောက်သမ်တန်ကို အိမ် ကွင်းမှာ ကစားရသော် လည်း ဧည့်သည်အ သင်းက ဂိုးပေါက် ကန်သွင်းမှု ပိုများ ခဲ့ခြင်းကိုလည်း ကီယွန်က ထောက်ပြခဲ့ သည်။















