ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ပီအက်စ်ဂျီနှင့် နှစ်ဂိုးစီ သရေ ကျခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် ခြေ ချင်းဝတ်ဒဏ်ရာရရှိခဲ့သော ဘယ်လ်ဂျီ ယံကစားသမားဟာဇက်၏ အခြေ အနေကို စိုးရိမ်မိကြောင်း ပြောကြား ခဲ့သည်။
ဟာဇက်သည် ရီးရဲလ်မက် ဒရစ်အသင်း၌ အကောင်းဆုံးခြေစွမ်း ပြကစားရန် အချိန်ယူနေရသည့်အခိုက် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ် သည်။ ရီးရဲလ်သည် အိမ်ကွင်းတွင် တိုက်စစ်မှူး ဘန်ဇီးမား၏ ဂိုးများဖြင့် ဦးဆောင်ခဲ့သော်လည်း ပီအက်စ်ဂျီ အသင်းက နောက်မှလိုက်ကာ ချေပ ခဲ့၍ နှစ်ဂိုးစီသရေကျခဲ့သည်။
ပွဲထွက်ပါဝင်ကစားခဲ့သော ဟာ ဇက်သည် ပြိုင်ဘက်ကစားသမား မူ နီယာ၏ ကစားပုံကြမ်းတမ်းမှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် ၆၉ မိနစ်တွင် လူစားလဲခြင်းခံခဲ့ရသည်။ ဟာဇက်၏ အမူအရာကို ကြည့်ရသည်မှာ ဒဏ်ရာ ကြောင့် နာကျင်နေခဲ့သည်။
ရီးရဲလ်နည်းပြ ဇီဒန်းက "ဟာ ဇက်ရဲ့ဒဏ်ရာအခြေအနေကို စိုးရိမ် မိပါတယ်။ ပွဲပြီးသွားတဲ့အချိန် သူ့ကို ကြည့်ရတာ ဒဏ်ရာကြောင့် တော်တော် လေး နာကျင်ခဲ့ပုံပါပဲ။ ခြေချင်းဝတ် ဒဏ်ရာရခဲ့တာပါ။ ဒဏ်ရာမပြင်းထန် ဖို့ မျှော်လင့်ပါတယ်။ လာမယ့် ရက် အနည်းငယ်အတွင်း သူ့ဒဏ်ရာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပိုသိရမှာ ပါ" ဟု ပြောသည်။ ဟာဇက်သည် ရီးရဲလ်အတွက် ၁၃ ပွဲကစားခဲ့ရာ တစ်ဂိုးသာ သွင်းယူထားသည်။















