မင်းသမီးချောလေးYoo In-naကိုအရင်နဲ့ လုံးဝကွဲပြားတဲ့ ဆံပင်စတိုင်အသစ်နဲ့ တွေ့မြင်ခဲ့ရပါတယ်။
နိုဝင်ဘာလ ၂၄ ရက်နေ့ကကျင်းပတဲ့ IU ရဲ့ “Love Poem In Seoul” ဖျော်ဖြေပွဲကိုလာအားပေးတဲ့ Yoo In-naကိုဆံပင်တိုလေးနဲ့ တွေ့ခဲ့ရပါတယ်။
IU နဲ့ Yoo In-naဟာအလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး In-na က သူမရဲ့ မန်နေဂျာနဲ့အတူဒီပွဲကိုတက်ရောက်ခဲ့ပါတယ်။ Yoo In-naရဲ့ ဖက်ရှင်ကတော့ ထွေထွေထူးထူးမပြင်ဆင်ထားပဲရိုးရိုးတီရှပ်လေးဝတ်ပြီးသာမန်အရပ်သူတစ်ယောက်ပုံစံမျိုးနဲ့ လာကြည့်တာဖြစ်ပါတယ်။
ပရိသတ်တွေကတော့ သိသိသာသာပြောင်းလဲသွားတဲ့ သူမရဲ့ဆံပင်ကိုသတိထားမိခဲ့ကြပါတယ်။အမြဲလိုလိုဆံပင်ရှည်လေးနဲ့မြင်တွေ့နေကျဖြစ်တဲ့သူမကိုပခုံးအထက်ထိတောင်တိုတဲ့ ဆံပင်လေးနဲ့တွေ့ခဲ့တာကြောင့် ဒါဟာဒရမ်မာသစ်အတွက် ပြင်ဆင်မှုဖြစ်နိုင်တယ်လို့လည်းထင်ကြေးပေးပြောဆိုမှုတွေရှိနေပါတယ်။
“Touch Your Heart” ဒရမ်မာပြီးကတည်းကကားသစ်ထွက်မလာသေးတာကြောင့် ပရိသတ်တွေကဒရမ်မာအသစ်ကိုစောင့်မျှော်နေကြပြီး “Goblin 2” ရိုက်ကူးဖြစ်ဖို့ ဆန္ဒရှိနေကြတာလည်း ပရိသတ်တွေကဒရမ်မာအသစ်ကိုစောင့်မျှော်နေကြပြီး “Goblin 2” ရိုက်ကူးဖြစ်ဖို့ ဆန္ဒရှိနေကြတာလည်း ဖြစ်ပါတယ်။

















