ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူသည် နိုဝင်ဘာ ၂၇ ရက်က ဆလားဗီးယားအား သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် အသင်း အတွက် ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့၍ ပရော် ဖက်ရှင်နယ် ကစားသမားဘဝ သွင်းဂိုး ၂၅၀ ပြည့်လာခဲ့ကြောင်း သိရသည်။
အသက် (၂၆)နှစ်အရွယ် အင်တာမီလန် တိုက်စစ်မှူး လူကာကူသည် မန်ယူမှ စီးရီးအေ သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းပြကာ ဂိုး များ သွင်းယူခဲ့သည်။ လူကာကူသည် အင်တာ မီလန်ကစားသမားဘဝမှာ ပထမဆုံး ချန်ပီယံ လိဂ်ဂိုးကို ပွဲချိန် ၈၁ မိနစ်တွင် သွင်းယူခဲ့သည်။
လူကာကူသည် ဘယ်လ်ဂျီယံ လက်ရွေး စင်အသင်းအတွက် ၅၂ ဂိုး သွင်းယူထားသူ ဖြစ်သည်။
၎င်းသည် အင်တာမီလန်အသင်းအတွက် ၁၁ ဂိုး၊ အန်ဒါလက်ချ်အသင်းအတွက် ၄၁ ဂိုး၊ အဲဗာတန်အသင်းအတွက် ၈၇ ဂိုး၊ ဝက်စ် ဘရွန်းအသင်းအတွက် ၁၇ ဂိုး၊ မန်ယူအသင်း အတွက် ၄၂ ဂိုး သွင်းယူနိုင်ခဲ့သည်။
လူကာကူသည် ကလပ်ကစားသမားဘဝ ၄၂၉ ပွဲ ကစားခဲ့ရာ ၁၉၈ ဂိုး သွင်းယူထားသူ လည်းဖြစ်သည်။















