အိမ်ကွင်းမှာ ဘာစီလိုနာကို အလက်တီကို အနိုင်ယူနိုင်ပါ့မလား

အိမ်ကွင်းမှာ ဘာစီလိုနာကို အလက်တီကို အနိုင်ယူနိုင်ပါ့မလား

ဆယ်လ်တာဗီဂို - ဗယ်လာဒိုးလစ်

စနေ၊ နံနက် ၂း၃ဝ

ဆယ်လ်တာဗီဂိုက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဗီလာရီးယဲလ်ကို အနိုင်ကစားပြီး အသင်းရဲ့ စိတ်ဓာတ်ကို ပြန်ဆွဲတင်နိုင်ခဲ့တယ်။ အခုအိမ်ကွင်းပွဲစဉ်မှာလည်း အမှတ်ရအောင် ကစားဦးမှာပါ။ ဗယ်လာဒိုးလစ်က အိမ်ကွင်းမှာ အနိုင်၊ အဝေးကွင်းမှာ အရှုံးဆိုတဲ့ ရလဒ်တွေ ရနေပါတယ်။ ဒါကြောင့် အခုအဝေးကွင်းပွဲစဉ် ကစားရမှာဖြစ်တာကြောင့် ဖော်မြူလာအရ အိမ်ရှင်ကိုပဲ ရွေးသင့်တယ်။

အလာဗတ်စ် - ရီးယဲလ်မက်ဒရစ်

စနေ၊ ညနေ ၆း၃ဝ

အလာဗတ်စ်တို့ နိုင်ပွဲပြန်ရနေတာ နှစ်ပွဲရှိပါပြီ။ ဂိုးသွင်းအားလည်း ကောင်းပါတယ်။ရီးယဲလ်ကလည်း နိုင်ပွဲတွေ ဆက်နေတဲ့အသင်းပါ။ ဒါပေမဲ့အလာဗတ်စ်ကွင်းမှာတော့ အသင်းကြီးတွေဆို ခံကစားတတ်တဲ့ အိမ်ရှင်ကြောင့် ရီးယဲလ်တို့ အခက်တွေ့နိုင်ပါတယ်။ အသင်းအနေအထားချင်း ကွာလို့ ရီးယဲလ်နိုင်ခဲ့မယ်ဆိုရင်တောင် ဂိုးမပြတ်နိုင်ပါဘူး။

ဆိုစီဒက် - အိုင်ဘာ

စနေ၊ ည ၉း၃ဝ

နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲမှာ လီဂါနက်စ်ကို သရေ၊ ရီးယဲလ်ကို ၃-၁ ဂိုးနဲ့ ရှုံး ရလဒ်သာ ကစားနိုင်ခဲ့တဲ့ ဆိုစီဒက်ရဲ့ခြေစွမ်းက အကျပိုင်းကို ရောက်နေပါတယ်။ အခုအိမ်ကွင်းပွဲစဉ်မှာတော့ ဆိုစီဒက်တို့ ရလဒ်ကောင်းထွက်အောင် ပြန်ကြိုးစားလာနိုင်ပါတယ်။ အိုင်ဘာကလည်း အဝေးကွင်းဆို ပေးဂိုးများတာကြောင့် အိမ်ရှင်နဲ့ပဲ လက်တွဲသင့်ပါတယ်။

မာယော့ကာ - ဘက်တစ်

တနင်္ဂနွေ၊ နံနက် ဝဝးဝဝ

နှစ်သင်းစလုံးက အိမ်ကွင်းအားသန်တဲ့အသင်းတွေပါ။ ဒါကြောင့် အခုပွဲစဉ်မှာအိမ်ရှင်အဖြစ် ကစားရတဲ့ မာယော့ကာအသင်း အသာရနိုင်တယ်လို့ ယူဆစရာပါ။ဒါပေမဲ့ ဘက်တစ်ကလည်း တော်ရုံအသင်းမျိုးကို ခံကစားနိုင်တဲ့အသင်းပါ။ အခုအဝေးကွင်းပွဲစဉ်ဖြစ်ပေမဲ့ မာယော့ကာလို အသင်းမျိုးဆီက သရေတစ်မှတ်ရအောင် ကစားလိမ့်မယ်ထင်တယ်။

ဗလင်စီယာ − ဗီလာရီးယဲလ်

တနင်္ဂနွေ၊ နံနက် ၂း၃ဝ

ပြီးခဲ့တဲ့ပွဲစဉ်မှာ ဘက်တစ်လိုအသင်းမျိုးကို ရှုံးခဲ့တာ ဗလင်စီယာအတွက် နစ်နာလှပါတယ်။ အခုကြားရက်မှာလည်း ချန်ပီယံလိဂ်ကစားထားရတာကြောင့် အနည်းငယ် ပွဲပန်းနေနိုင်ပါတယ်။ ဗီလာရီးယဲလ်လို အဝေးကွင်းအားနည်းတဲ့ ပွဲစဉ်မှာတော့ ဗလင်စီယာတို့ အသင်းကို ရလဒ်ကောင်းအောင် ပြန်တင်ကစားမှာပါ။ ဗလင်စီယာပါပဲ။

ဆီဗီလာ − လီဂါနက်စ်

တနင်္ဂနွေ၊ ညနေ ၅း၃ဝ

ဆီဗီလာက အမှတ်ပေးဇယား အဆင့် (၃)နေရာကအသင်းဖြစ်ပြီး လီဂါနက်စ်က ဇယားအောက်ဆုံးကအသင်းပါ။ ဒါကြောင့် အသင်းအနေအထားချင်းက အများကြီးကွာပါတယ်။ အခုကစားရမှာကလည်း ဆီဗီလာကွင်းဖြစ်နေတာကြောင့် လီဂါနက်စ်တို့အတွက် မျှော်လင့်ချက်က နည်းနေပါတယ်။ ဆီဗီလာတို့ဂိုးဘယ်လောက်သွင်းပြီး အနိုင်ယူသွားမလဲဆိုတာပဲ စောင့်ကြည့်ရမှာပါ။

ဘီလ်ဘာအို − ဂရန်နာဒါ

တနင်္ဂနွေ၊ ည ၇း၃ဝ

ဘီလ်ဘာအိုရဲ့ ခြေစွမ်းက အတက်ဘက်မှာရှိနေပြီး ဂရန်နာဒါခြေစွမ်းက အကျဘက်မှာ ရှိနေပါတယ်။ ဘီလ်ဘာအိုရဲ့ ဂိုးသွင်းအားကလည်း တစ်ပွဲပျမ်းမျှ နှစ်ဂိုးနှုန်းလောက် ရှိနေပါတယ်။ ဂရန်နာဒါတို့ နိုင်ပွဲပျောက်နေတာ လေးပွဲရှိပါပြီ။ အခု ဘီလ်ဘာအိုကွင်းမှာလည်း ဂရန်နာဒါတို့ ရလဒ်မကောင်းနိုင်ပါဘူး။ အိမ်ရှင်နဲ့ပဲ လက်တွဲသင့်ပါတယ်။

အက်စ်ပန်ညို − အိုဆာဆူနာ

တနင်္ဂနွေ၊ ည ၉း၃ဝ

အက်စ်ပန်ညိုရဲ့ အနေအထားက တော်တော်ဆိုးနေပါတယ်။ ၁၄ ပွဲ ကစားပြီးချိန်အထိ ရမှတ် ကိုးမှတ်သာရသေးပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၁၈) နေရာမှာ ရပ်တည်နေရပါတယ်။ အိုဆာဆူနာက အဆင့် (၁၁) နေရာက အသင်းပါ။ ဒါပေမဲ့ အဝေးကွင်းတော့ အားနည်းပါတယ်။ ဒါကြောင့် အခုပွဲမှာ အိမ်ကွင်းအားကိုးနဲ့ အက်စ်ပန်ညိုတို့ အမှတ်ပြည့် ရယူသွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။

ဂီတာဖေး − လီဗန်တေး

တနင်္လာ၊ နံနက် ဝဝးဝဝ

လာလီဂါ အလယ်အလတ် အသင်းတွေထဲမှာ နှစ်သင်းစလုံးက ခြေစွမ်းမာကျောတဲ့အသင်းတွေပါ။ အသင်းကြီးတွေကိုတောင် ခံကစားနိုင်တဲ့အဆင့်မှာ ရှိပါတယ်။ ခုလိုခြေရည်တူနှစ်သင်း တွေ့ဆုံနေတာကြောင့် အိမ်ရှင်အဖြစ် ကစားရတဲ့အသင်းက အားသာချက်ရှိနေပါတယ်။ ဒါ့ပြင် ခြေစွမ်းတည်ငြိမ်မှုမှာလည်း ဂီတာဖေးက သာတဲ့အတွက် အိမ်ရှင်ကိုပဲ အားပေးချင်တယ်။

အလက်တီကို − ဘာစီလိုနာ

တနင်္လာ၊ နံနက် ၂း၃ဝ

အသင်းကြီးနှစ်သင်း တွေ့ဆုံတဲ့ပွဲဖြစ်တာကြောင့် ပွဲကကြည့်ကောင်းမှာပါ။ လက်ရှိခြေစွမ်းတွေအရ ဘာစီလိုနာက ပိုတည်ငြိမ်တယ်ဆိုပေမဲ့ အခုကစားရမှာက အလက်တီကို ကွင်းမှာပါ။ အသင်းကြီးအချင်းချင်း ဖြစ်တာကြောင့် ဘယ်အသင်းမှ အမှတ်ဆုံးရှုံးခံမှာမဟုတ်ပါဘူး။ နှစ်သင်းစလုံး ထိန်းကစားရင်း သရေရလဒ်သာ ထွက်ပေါ်လာနိုင်ပါတယ်။



ဖတ်ရှုမှုအများဆုံး