ရှော်လ်ကေး - ယူနီယံဘာလင်
စနေ၊ နံနက် ၂းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ယူနီယံဘာလင် ၂-၁ ရှော်လ်ကေး
ရှော်လ်ကေးက အိမ်ကွင်းထက် အဝေးကွင်းမှာ ရုန်းအားပိုကောင်းတဲ့အသင်းပါ။ ယူနီယံဘာလင်ကလည်း အခုနောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေ တောက်လျှောက်ကောင်းနေပါတယ်။ တန်းဆင်းဇုန်နဲ့ဝေးသထက်ဝေးအောင် ကစားရင် အခုဆိုရင်အမှတ်ပေးဇယား အဆင့် (၁၁) နေရာကိုတောင် ရောက်လာပါပြီ။ ရှော်လ်ကေး အခုပွဲကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပေမဲ့ ယူနီယံဘာလင်ရဲ့ ရုန်းအားကြောင့် သရေတစ်မှတ်ခွဲပေးရဖွယ် ရှိပါတယ်။
ဟော့ဖန်ဟိမ်း - ဒူဆယ်လ်ဒေါ့ဖ်
စနေ၊ ည ၉းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဟော့ဖန်ဟိမ်း ၁-၁ ဒူဆယ်လ်ဒေါ့ဖ်
ပြီးခဲ့တဲ့တစ်ပတ်က ဟော့ဖန်ဟိမ်းတို့ အိမ်ကွင်းမှာ မိန့်ဇ်ကို မထင်မှတ်တဲ့ ရလဒ်နဲ့ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ အခုအိမ်ကွင်းပွဲစဉ်မှာတော့ ပြီးခဲ့တဲ့တစ်ပတ်က ကျဆင်းခဲ့တဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့ ကြိုးစားမှာပါ။ဒူဆယ်လ်ဒေါ့ဖ်က အောက်အသင်းတွေကြားမှာသာ ခြေစွာတဲ့အသင်းပါ။ အခုပွဲကအဝေးကွင်းပွဲစဉ်လည်း ဖြစ်နေတော့ ဒူဆယ်လ်ဒေါ့ဖ်ကို မေ့ထားတာ အကောင်းဆုံးပါပဲ။
ဟာသာဘာလင် - ဒေါ့မွန်
စနေ၊ ည ၉းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဟာသာဘာလင် ၂-၃ ဒေါ့မွန်
ဟာသာဘာလင် ခြေစွမ်းက အသင်းငယ်အဆင့်မှာပဲ ရှိပါတယ်။ ကိုယ့်ထက် အားကြီးတဲ့ အသင်းတွေကို ဘယ်လိုမှ ခံမကစားနိုင်ပါဘူး။ ဒေါ့မွန်ကလည်း လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲဘက်ကို ပိုပြီး အာရုံစိုက်နေတဲ့အတွက် ပြည်တွင်းအမှတ်ပေးပွဲမှာ ခြေစွမ်းယိမ်းယိုင်တတ်ပါတယ်။ ဒီပွဲမတိုင်ခင်ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲ ကစားထားရလို့ ပွဲပန်းနေနိုင်ပါတယ်။ ရလဒ်တွေဆိုးနေတဲ့ ဟာသာဘာလင် အမှတ်ခွဲယူသွားမယ်ထင်တယ်။
ကိုလုံး - အော့စ်ဘတ်
စနေ၊ ည ၉းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ကိုလုံး ၁-၁ အော့စ်ဘတ်
ကိုလုံးရဲ့ အခြေအနေက မထူးခြားသေးပါဘူး။ တန်းဆင်းဇုန်ထဲမှာပဲ တဝဲလည်လည်ဖြစ်နေပါတယ်။ အော့စ်ဘတ်ကတော့ နှစ်ပွဲဆက်အနိုင်ရပြီး ဇယားရဲ့အဆင့် (၁၃) နေရာကိုတက်လာနိုင်ပါတယ်။ အခုလည်း အဝေးကွင်းဖြစ်ပေမဲ့ အော့စ်ဘတ်တို့ အမှတ်ရအောင် ကြိုးစားလာဦးမှာပါ။ ကိုလုံးတို့ အခုပွဲလည်း ရှုံးပွဲကြုံဦးမှာပါ။
ပက်ဒါဘွန်း - လိုက်ပဇစ်
စနေ၊ ည ၉းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ပက်ဒါဘွန်း ဝ-၁
လိုက်ပဇစ် ပက်ဒါဘွန်းက အမှတ်ပေးဇယား အောက်ဆုံးက အသင်းပါ။ ပြီးခဲ့တဲ့တစ်ပတ်က ဒေါ့မွန်ကို သရေကစားနိုင်ခဲ့လို့ အခုအိမ်ကွင်းပွဲစဉ်မှာ စောင့်ကြည့်ရမှာပါ။ လိုက်ပဇစ်ကလည်း အခုချိန်မှာ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့အသင်းပါ။ ချန်ပီယံလိဂ်ရော ပြည်တွင်းအမှတ်ပေးပွဲမှာပါ နိုင်ပွဲတွေဆက်နေပါတယ်။ ပက်ဒါဘွန်းတို့ အခုပွဲမှာ သရေတစ်မှတ်ရရင် ကျေနပ်သင့်ပါတယ်။
ဘိုင်ယန်မြူးနစ် - လေဗာကူဆင်
တနင်္ဂနွေ၊ နံနက် ဝဝးဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ လေဗာကူဆင် ၃-၁ ဘိုင်ယန်မြူးနစ်
နှစ်သင်းစလုံးက ကြားရက်မှာ ချန်ပီယံလိဂ်ပွဲတွေ ကစားထားရပါတယ်။ ဘိုင်ယန်တို့အခုနောက်ပိုင်း ပွဲစဉ်တွေမှာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ရောက်ရှိဖို့ ကြိုးစားကစားလာတာတွေ့ရတယ်။ လေဗာကူဆင်က ချန်ပီယံလိဂ်ပြိုင်ပွဲကို ပိုပြီး အာရုံစိုက်နေတဲ့အတွက် ပြည်တွင်းအမှတ်ပေးပွဲမှာ အနည်းငယ်အားနည်းနေတယ်။ ဒါကြောင့်အခုဘိုင်ယန်ကွင်းမှာလည်း လေဗာကူဆင်တို့ မလွယ်လောက်ပါဘူး။ ဘိုင်ယန်ပါပဲ။
မွန်ချင်ဂလက်ဘတ် - ဖရိုင်းဘတ်
တနင်္ဂနွေ၊ ည ၉းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ မွန်ချင်ဂလက်ဘတ် ၁-၁ ဖရိုင်းဘတ်
နှစ်သင်းစလုံးက လက်ရှိအချိန်မှာ ခြေစွမ်းတည်ငြိမ်တဲ့ အသင်းတွေပါ။ မွန်ချင်ဆိုရင် အမှတ်ပေးဇယားကိုတောင် ဦးဆောင်ထားနိုင်တဲ့အသင်း ဖြစ်ပါတယ်။ ဖရိုင်းဘတ်ကလည်း အဆင့် (၄) နေရာမှာပါ။ မွန်ချင်တို့ အခုပွဲမတိုင်မီ ကြားရက်မှာ ယူရိုပါလိဂ်ကစားထားရလို့ အနည်းငယ်တော့ ပွဲပန်းနေနိုင်ပါတယ်။ မွန်ချင် အိမ်ကွင်းဖြစ်ပေမဲ့ ဖရိုင်းဘတ်ရဲ့ ရုန်းကန်အားကြောင့် အမှတ်ခွဲပေးရနိုင်ပါတယ်။ ဖရိုင်းဘတ်ကို ကြိုက်ပါတယ်။
ဝုဖ်ဘတ် - ဝါဒါဘရီမင်
တနင်္ဂနွေ၊ ည ၁၁း၃ဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဝုဖ်ဘတ် ၁-၁ ဝါဒါဘရီမင်
ဝုဖ်ဘတ်တို့ ရှုံးပွဲတွေဆက်နေရာက ပြီးခဲ့တဲ့တစ်ပတ်က ဖရန့်ဖတ်ကို အနိုင်ယူခဲ့တာကြောင့် ရလဒ်ဆိုးတွေကြားက ပြန်လည် လွတ်မြောက်လာပြီလို့ ယူဆစရာပါ။ ဝါဒဘရီမင်ကလည်း အရှုံးနဲ့ သရေရလဒ်တွေကြားမှာသာ လည်ပတ်နေတဲ့အသင်းဖြစ်ပါတယ်။ အခု ဝုဖ်ဘတ်အိမ်ကွင်းမှာလည်း အခြေအနေ မကောင်းနိုင်ပါဘူး။ ရလဒ်ဆိုးတွေကြားက လွတ်မြောက်အောင် ကြိုးစားနေတဲ့ ဝုဖ်ဘတ်ကိုပဲ အားပေးရမှာပါ။
မိန့်ဇ် - ဖရန့်ဖတ်
အင်္ဂါ၊ နံနက် ၂းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဖရန့်ဖတ် ဝ-၂ မိန့်ဇ်
ဟော့ဖန်ဟိမ်းကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူခဲ့လို့ မိန့်ဇ်တို့ စိတ်ဓာတ် တက်ကြွနေမှာ အမှန်ပါပဲ။ အခုလည်း အိမ်ကွင်းပွဲစဉ်မှာ ရလဒ်ကောင်းဖို့ ပြင်ဆင်လာဦးမှာပါ။ ဖရန့်ဖတ်ကလည်း အခုချိန်မှာ အကျဘက်ကို ရောက်နေတဲ့ အသင်းပါ။ ဒီပွဲမတိုင်မီ ယူရိုပါလိဂ်ပွဲလည်း ကစားထားရလို့ ပွဲပန်းနေနိုင်ပါတယ်။ အိမ်ရှင် မိန့်ဇ်ကို ရွေးချယ်ရမယ့်ပွဲပါ။















