ဘရက်စီယာ − အတ္တလန္တာ (စနေ၊ ည ၈း၃ဝ)
ဘရက်စီယာတို့ ဘယ်လိုမှ နာလန်မထူနိုင် ဖြစ်နေပါတယ်။ ငါးပွဲဆက်တိုက် ရှုံးနိမ့်ထားပြီး အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာ ရောက်နေပါတယ်။ အတ္တလန္တာလည်း ချန်ပီယံလိဂ်ကြောင့် ပြည်တွင်းပွဲမှာ ခြေနည်းနည်းယိုင်နေပါတယ်။ အခုဘရက်စီယာတို့ အိမ်ကွင်းမှာ အမှတ်ရဖို့ ကြိုးစားဖွယ်ရှိပေမဲ့ အသင်းအနေအထားချင်းကွာလို့ မဖြစ်နိုင်ပါဘူး။ အတ္တလန္တာကိုပဲ အကြိုက်တွေ့မိတယ်။
ဂျီနိုအာ − တိုရီနို (စနေ၊ ည ၁၁း၃ဝ)
ဂျီနိုအာတို့ အခုနောက်ပိုင်းပွဲတွေကို အားစိုက်ကစားလာတဲ့အတွက် သရေရလဒ်လေးတွေ ပြန်ရနေပါတယ်။ ဒီနှစ်ရာသီမှာ ဂျီနိုအာရဲ့ အသင်းလိုက်စုစည်းမှုက အားနည်းချက်တွေ ရှိနေပါတယ်။ တိုရီနိုက အလယ်အလတ်အသင်းတွေထဲမှာ မာကျောတဲ့အသင်းပါ။ ဒါပေမဲ့ တိုရီနိုလည်း နောက်ပိုင်းပွဲတွေမှာ နည်းနည်းကျလာတယ်။ ဒါကြောင့် အခုပွဲစဉ်မှာ အိမ်ရှင်ဆိုတဲ့ အားသာချက်ရှိနေတဲ့ ဂျီနိုအာကို အားပေးချင်တယ်။
ဖီအိုရင်တီးနား − လက်ချီ (တနဂင်္နွေ၊ နံနက် ၂း၁၅)
ဖီအိုရင်တီးနားတို့ စီးရီးအေမှာ နိုင်ပွဲပျောက်နေတာ သုံးပွဲရှိပါပြီ။ သရေတစ်ပွဲသာရှိပြီး နှစ်ပွဲ ရှုံးထားပါတယ်။ လက်ချီကလည်း သရေပွဲတွေနဲ့သာ နှစ်ပါးသွားနေတဲ့အသင်းပါ။ လက်ချီရဲ့ အားသာချက်က အသင်းကြီးငယ်မရွေး သရေတစ်မှတ်ရအောင် ကစားတတ်တာပါပဲ။ အဲဒီအချက်ကြောင့် အခုပွဲမှာလည်း အိမ်ရှင်ဖီအိုရင်တီးနား အသင်းဆီက အမှတ်ရအောင် ခွဲယူသွားနိုင်ပါတယ်။
ဂျူဗင်တပ် − ဆက်စူလို (တနဂင်္နွေ၊ ညနေ ၆းဝဝ)
ဂျူဗင်တပ် အခုပွဲမတိုင်မီ ကြားရက်မှာ ချန်ပီယံလိဂ် ကစားထားရပါတယ်။ ခြေစွမ်းပိုင်းကတော့ တည်ငြိမ်တဲ့ အနေအထားရှိနေဆဲပါ။ ဆက်စူလိုဟာ အသင်းငယ်တွေကြားမှာသာခြေစွာနိုင်တဲ့အသင်းပါ။ အသင်းကြီးတွေကို ခံကစားနိုင်တဲ့အဆင့်မရှိပါဘူး။ အခုကစားရမှာလည်း အဝေးကွင်း ပွဲစဉ်ဖြစ်နေတဲ့အတွက် ဆက်စူလိုမှာ မျှော်လင့်ချက် နည်းနေပါတယ်။ ဂျူဗင်တပ်အသင်းသွင်းမယ့် ဂိုးအရေအတွက်ကိုပဲ စောင့်ကြည်ရမှာပါ။
အင်တာမီလန် − SPAL (တနင်္ဂနွေ၊ ည ၈း၃ဝ)
ဒီနှစ်ရာသီစီးရီးအေမှာ ဂျူဗင်တပ်အသင်းကို ဖိအားအပေးနိုင်ဆုံးအသင်းက လက်ရှိအချိန်မှာ အင်တာတစ်သင်းထဲပဲရှိပါတယ်။SPAL က နိုင်ပွဲပျောက်နေတဲ့အသင်းပါ။ သူတို့ဘယ်လောက်ပဲ ကြိုးစားကြိုးစား အရာမထင်သေးပါဘူး။ အခုလိုအချိန်မှာ အင်တာလိုအသင်းမျိုးနဲ့ တွေ့ဆုံရတာဟာSPALအတွက် ကံဆိုးခြင်းပါပဲ။ ချန်ပီယံလိဂ်ကစားထားရလို့ ပွဲပန်းနေနိုင်တဲ့ အင်တာအတွက် သွင်းဂိုးနည်းနိုင်ပေမဲ့ အနိုင်ရလဒ် ရမှာတော့ သေချာပါတယ်။
လာဇီယို − ယူဒီးနိစ် (တနင်္ဂနွေ၊ ည ၈း၃ဝ)
လာဇီယိုတို့ စီးရီးအေပြိုင်ပွဲဘက်ကို ပိုအားစိုက်လာတာတွေ့ရတယ်။ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲစလုံးကို အနိုင်ရထားပါတယ်။ ယူဒီးနိစ်က ခြေစွမ်းပုံမှန်မရှိတဲ့အသင်းပါ။ အဝေးကွင်းဆိုပိုဆိုးပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ လာဇီယိုကွင်းမှာ ယူဒီးနိစ်တို့အတွက် အခြေအနေ မကောင်းနိုင်ပါဘူး။ လာဇီယိုပါပဲ။
ပါးမား − အေစီမီလန် (တနင်္ဂနွေ၊ ည ၈း၃ဝ)
ပါးမားက အိမ်ကွင်းမာကျောတဲ့အသင်းပါ။ အသင်းကြီးတွေကိုတောင် ဒုက္ခပေးနိုင်တဲ့အသင်းလည်းဖြစ်ပါတယ်။ အေစီမီလန်ကတော့ အခုချိန်မှာ တော်တော်လေး အခြေအနေဆိုးနေပါတယ်။ အသင်းရဲ့ ကစားပုံက လျော့ရဲရဲဖြစ်နေပါတယ်။ အသင်းလိုက် စုစည်းမှုလည်း မရှိပါဘူး။ ဒါကြောင့် အိမ်းကွင်းကစားပုံကောင်းတဲ့ ပါးမားကို ယှဉ်နိုင်ဖို့ မရှိပါဘူး။ ပါးမားကိုပဲ ရွေးချယ်သင့်တဲ့ပွဲပါ။
နာပိုလီ − ဘိုလော့နာ (တနဂင်္နွေ၊ ည ၁၁း၃ဝ)
နာပိုလီတို့ နိုင်ပွဲပျောက်နေတာ တော်တော်ကြာပါပြီ။ ချန်ပီယံလိဂ်ပြိုင်ပွဲဘက်ကို အာရုံစိုက်နေလို့ စီးရီးအေဘက်မှာ အားလျော့နေတာ ဖြစ်နိုင်ပါတယ်။ အခုကစားရမယ့် ဘိုလော့နာကလည်း ရှုံးပွဲတွေသာ များနေတဲ့အသင်းပါ။ ဒါကြောင့် အိမ်ရှင်နာပိုလီတို့ အခွင့်အရေးရှိနေပါတယ်။ နိုင်ပွဲပျောက်တာကြာနေတဲ့ နာပိုလီတို့ နိုင်ပွဲပြန်ရှာတွေ့သွားမယ်ထင်တယ်။
ဗီရိုနာ − ရိုးမား (တနင်္လာ၊ နံနက် ၂း၁၅)
နောက်ပိုင်းပွဲစဉ်တွေမှာ ဗီရိုနာတို့ ကြိုးစားကစားလာတာတွေ့ရတယ်။ ဒါကြောင့်လည်းရလဒ်တွေကောင်းမွန်နေတာပါ။ ရိုးမားကလည်း အစောပိုင်းက ယူရိုပါလိဂ်နဲ့ ပြည်တွင်းအမှတ်ပေးပွဲအကြားဗျာများနေပေမဲ့ အခုတော့ စီးရီးအေဘက်ကို ပြန်ပြီးအာရုံစိုက်နေပါပြီ။အခုဗီရိုနာကွင်းမှာ ရိုးမားတို့ ရလဒ်ကောင်းဖို့ ကြိုးစားဦးမှာပါ။ ဗီရိုနာကလည်း လတ်တလောမှာ ခြေတက်နေတဲ့အသင်းဖြစ်တာကြောင့် အခုပွဲမှာ အမှတ်ခွဲယူကြမယ် ထင်တယ်။
ကက်ဂလီယာရီ − ဆမ်ဒိုးရီးယား (အင်္ဂါ၊ နံနက် ၂း၁၅)
အခုနှစ်ရာသီ ကက်ဂလီယာရီရဲ့ ခြေစွမ်းက မထင်မှတ်လောက်အောင် ကောင်းမွန်နေပါတယ်။ ဒါကြောင့်လည်း အမှတ်ပေးဇယားရဲ့ အဆင့် (၄) နေရာမှာ ရပ်တည်နေနိုင်တာပါ။ဂိုးသွင်းအားလည်း ကောင်းပါတယ်။ ဆမ်ဒိုးရီးယားကလည်း အခုနောက်ပိုင်းအသင်းရဲ့ရလဒ်တွေ ပြန်ကောင်းအောင် ကစားနေတဲ့အသင်းပါ။ လျှော့တွက်လို့တော့ မရပါဘူး။ ဒါပေမဲ့ကက်ဂလီယာရီရဲ့ ရစ်သမ်ကြောင့် အိမ်ရှင်ကို ပိုကြိုက်ပါတယ်။














