မန်ယူအသင်းသည် နိုဝင်ဘာ ၂၈ ရက်က ယူရိုပါလိဂ်အုပ်စုပွဲအဖြစ် ကာဇက် စတန်တွင် အက်စတာနာနှင့်ယှဉ်ပြိုင်ခဲ့ရာ နှစ်ဂိုး တစ်ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။ မန်ယူ အသင်းခေါင်းဆောင်အဖြစ် လင်ဂတ် ပွဲထွက်ခဲ့ပြီး အင်္ဂလန်ကစားသမားမှာ ပွဲချိန် ၁၀ မိနစ်တွင် ဦးဆောင်ဂိုးသွင်း ခဲ့သည်။
အက်စ်တာနာသည် ၅၅ မိနစ် တွင် ချေပဂိုးတစ်ဂိုးပြန်ရခဲ့ပြီး ၆၂ မိနစ်၌ လက်ဆောင်ဂိုးရခဲ့၍ အနိုင်ရခဲ့ခြင်းဖြစ်သည်။
အက်စ်တာနာကိုရှုံးနိမ့်ခဲ့သော်လည်း မန်ယူအသင်းအတွက် ပထမဆုံးပွဲထွက် ခဲ့သည့် ဘားနက်ဒ်၊ အီတန်လိုင်ယက်နှင့် ဒိုင်လန်လီဗစ်တို့၏ခြေစွမ်းကို နည်းပြ ဆိုးလ်ရှားက ကျေနပ်နေခဲ့ကြောင်းသိရပြီး ကစားသမားသုံးဦး၏ ပျမ်းမျှအသက်မှာ ၂၂ နှစ် ၂၆ ရက်ဖြစ်သည်။
မန်ယူနည်းပြဆိုးလ်ရှားသည် အက်စ် တာနာပွဲတွင် ကစားသမားသစ်ခုနစ်ဦးကို ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ပေးခဲ့သည်။
နည်းပြဆိုးလ်ရှားက "ပွဲပြီးရလဒ်ကတော့ ကျွန်တော်တို့အတွက် စိတ်ပျက်စရာ ကောင်းပါတယ်။ ဒါပေမဲ့ အသင်းခြေစွမ်း ကိုကြည့်ပြီး အကောင်းမြင်လို့ရတာတွေ လည်းရှိပါတယ်။ လူငယ်တွေဟာ ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့တယ်။ ပွဲဦးထွက် ခဲ့တဲ့ ကစားသမားသုံးယောက်ဆိုရင်အကောင်းဆုံး ကစားခဲ့ကြတယ်"ဟု ပြောဆိုခဲ့သည်။















