ရလဒ်ဆိုးများကြောင့် နည်းပြအမ်မရီကို အာဆင်နယ်ထုတ်ပယ် ယာယီနည်းပြအဖြစ် ယွန်းဘတ် တာဝန်ယူမည်ဟုသိရ

ရလဒ်ဆိုးများကြောင့် နည်းပြအမ်မရီကို အာဆင်နယ်ထုတ်ပယ် ယာယီနည်းပြအဖြစ် ယွန်းဘတ် တာဝန်ယူမည်ဟုသိရ

အာဆင်နယ်အသင်း တာဝန်ရှိသူများသည် ယခု နှစ် ဘောလုံးရာသီ ရလဒ်ဆိုးများကြောင့် နည်းပြ အမ်မရီကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ဘီဘီစီက ဖော်ပြခဲ့သည်။

နည်းပြ အမ်မရီသည် ၂၀၁၈ ခုနှစ် မေလက နည်းပြအာစင်ဝင်းဂါး၏ နေ ရာတွင် အစားဝင်ခဲ့သူဖြစ်သည်။ အမ် မရီလက်ထက် ပထမဆုံးရာသီတွင် အာဆင်နယ်အသင်းမှာ ပရီးမီးယား လိဂ်၌ အဆင့်ခြောက်ဖြင့် ပန်းဝင်ခဲ့ သည်။ အာဆင်နယ်သည် ယမန်နှစ် ဘောလုံးရာသီက ယူရိုပါလိဂ် ဗိုလ်လု ပွဲ တက်ရောက်နိုင်ခဲ့သော်လည်း ချယ်လ် ဆီးကို ရှုံးနိမ့်ခဲ့သည်။

အာဆင်နယ်သည် အိမ်ကွင်းတွင် ဖရန့် ဖတ်အားရှုံးနိမ့်ခဲ့၍ နောက်ဆုံး ပြိုင်ပွဲစုံ ခုနစ်ပွဲ ဆက် အနိုင်ပျောက်ခဲ့သည်။ အာဆင်နယ်သည် နောက်ဆုံး ပရီးမီးယားလိဂ် ၁၃ ပွဲကစားခဲ့ရာ၌လည်း လေး ပွဲသာအနိုင်ရခဲ့သည်။

အာဆင်နယ်သည် ၁၉၉၂ ခုနှစ်နောက်ပိုင်း နိုင်ပွဲပျောက်ဆုံးမှု အချိန်အကြာဆုံးဖြစ်နေသည်။ အာဆင်နယ် တာဝန်ရှိသူများသည် အသင်းလက်ထောက် နည်းပြဖြစ်နေသော ကစားသမားဟောင်း ဖရက်ဒီယွန်းဘတ်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့သည်။

ယွန်းဘတ်မှာ အသင်းရလဒ် ပြန်ကောင်းရန် စွမ်းဆောင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း အာဆင် နယ်အသင်းက ထုတ်ပြန်ခဲ့သည်။ နည်းပြအမ်မရီသည် ယခုနှစ် ပရီးမီးယားလိဂ်တွင် ဂါဆီယာ၊ ပိုချက် တီနိုတို့ပြီးနောက် တတိယမြောက် ထုတ်ပယ်ခံရသော နည်းပြဖြစ်ခဲ့သည်။ အာဆင်နယ်သည် အောက် တိုဘာ ၂၄ ရက်နောက်ပိုင်း နိုင်ပွဲပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး