ဘရာဇီးတိုက်စစ်မှူး ရစ်ချာလီဆန်သည် အဲဗာ တန်အသင်းနှင့် စာချုပ်သက်တမ်း တိုးမြှင့်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
အသက် (၂၂)နှစ်အရွယ် တိုက်စစ်မှူး ရစ် ချာလီဆန်သည် ဝက်ဖို့ဒ်မှ ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ဖြင့် အဲဗာတန်သို့ ပြောင်း ရွှေ့ခဲ့သူဖြစ်ပြီး အဓိက တိုက်စစ်မှူး တစ်ဦးအဖြစ် ပါဝင်ကစားနေ သည်။
ရစ်ချာလီဆန်သည် အဲဗာတန် အသင်းအတွက် ၅၄ ပွဲ ကစားခဲ့ရာ ၁၉ ဂိုး သွင်းယူထားသည်။ ရစ်ချာလီဆန်သည် ယခု နှစ်ရာသီတွင် ပရီးမီးယားလိဂ် သုံးဂိုး သွင်းယူပေးထားသည်။
ရစ်ချာလီဆန်သည် အသင်း နှင့် စာချုပ်သက်တမ်း တိုးမြှင့်နိုင် ခဲ့သောကြောင့် လာမည့် ၂၀၂၄ ခုနှစ်အထိ အဲဗာတန်တွင် ဆက်ရှိမည်ဖြစ်သည်။
နည်းပြဆေးလ်ဗားက ၎င်းတို့အနေဖြင့် ရစ်ချာလီ ဆန်နှင့် သက်တမ်းတိုးနိုင်ခဲ့၍ ကျေနပ်မိ ကြောင်း ဆိုခဲ့သည်။ ရစ်ချာလီဆန်သည် ဘရာဇီး လက်ရွေးစင်အသင်းအတွက် ၁၉ ပွဲကစားခဲ့ရာ ခြောက်ဂိုး သွင်းယူနိုင် ခဲ့သည်။
အဲဗာတန်အသင်းသည် ယနေ့တွင် ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အဖြစ် လက်စ တာနှင့် ကစားရမည်ဖြစ် ပြီး တိုက်စစ်ကို ရစ်ချာလီ ဆန် ဦးဆောင်မည်ဖြစ်သည်။















