၁၆ နှစ်အတွင်း ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခဲ့သည့် ဂိုးသမား အပျော်လွန်၍ငိုကြွေး

၁၆ နှစ်အတွင်း ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခဲ့သည့် ဂိုးသမား အပျော်လွန်၍ငိုကြွေး

နိုဝင်ဘာ ၃ဝ ရက်က ပရီးမီးယား လိဂ် ပွဲစဉ် ၁၄ အဖြစ် ချယ်လ်ဆီးနှင့် ဝက်စ်ဟမ်းတို့ ယှဉ်ပြိုင်ခဲ့ရာ ဧည့်သည် ဝက်စ်ဟမ်းအသင်းက ခရက်ဝဲလ်၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရခဲ့ သည်။ ဝက်စ်ဟမ်းနည်းပြ ပယ်လီဂရီ နီသည် ချယ်လ်ဆီးပွဲတွင် တတိယ ဦးစားပေး ဂိုးသမား ဒေးဗစ်မာတင်ကို ပွဲထုတ်ခဲ့သည်။

ဂိုးသမား မာတင်သည် ၃၃ နှစ်အရွယ်မှသာ ကစားသမားဘဝ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ပွဲ ထွက်ကစားခွင့်ရခဲ့ခြင်းဖြစ်ပြီး ချယ်လ် ဆီး၏ ကန်သွင်းမှုခြောက်ကြိမ်ခန့်ကို ကာကွယ်နိုင်ခဲ့သည်။

ဒေးဗစ်မာတင်သည် အကောင်း ဆုံးလက်စွမ်းပြ ကစားခဲ့ပြီး ပထမဆုံး ပရီးမီးယားလိဂ်ပွဲတွင် ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့်အပြင် နိုင်ပွဲပါ ရခဲ့ခြင်းဖြစ်သည်။ မာတင်၏ ဖခင် ဖြစ်သူ အယ်လ်ဗင်မှာ ဝက်စ်ဟမ်း နောက်ခံလူအဖြစ် နှစ်ပေါင်း ၂ဝ ကျော် ပါဝင်ကစားခဲ့သူ ဖြစ်သည်။ အယ်လ်ဗင်သည် ချယ်လ်ဆီးပွဲ၌ ပွဲ ကြည့်စင်ပေါ်မှနေ၍ သားဖြစ်သူကို အားပေးခဲ့သည်။

ပွဲသိမ်းခရာ မှုတ်လိုက်သည့်အချိန် ဂိုးသမား မာတင်သည် အပျော်လွန်ကာ ငိုကြွေးခဲ့ပြီး ဖခင်ဖြစ်သူဆီ သွားရောက်၍ အတူတကွ အောင်ပွဲခံခဲ့သည်။

မာတင်က ''အဖေ့ကို မြင်လိုက်ရတဲ့ အချိန် သူရော ကျွန်တော်ပါ ငိုကြွေး နေကြတယ်။ စကားအများကြီး မပြောနိုင်ခဲ့ဘူး။ ကျွန်တော့်အဖေဟာ ဝက်စ်ဟမ်းမှာ ၂၁ နှစ် ကစားခဲ့သူပါ။ ကျွန်တော် ပွဲဦးထွက်ခွင့်ရခဲ့တယ်။ အဖေက လည်း ကျွန်တော် ကစားတဲ့ပွဲကို ကြည့် ခွင့်ရခဲ့ပါတယ်။ ပွဲဦးထွက်မှာ ဂိုးမပေးခဲ့ရဘူး၊ နိုင်ပွဲလည်း ရခဲ့ပါတယ်။ ဒီ ခံစားမှုက ဘာနဲ့မှ မလဲနိုင်ပါဘူး''ဟု ပြောခဲ့သည်။

မာတင်သည် ကစားသမားဘဝ ၁၆ နှစ် အတွင်း ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ရခဲ့သည်။



ဖတ်ရှုမှုအများဆုံး