မန်ယူအသင်းကို စပါးကစားသမား အီရစ်ဒီယာသတိပေး

မန်ယူအသင်းကို စပါးကစားသမား အီရစ်ဒီယာသတိပေး

စပါးအဓိက ကစားသမားတစ်ဦး ဖြစ်သော အီရစ်ဒီယာက ကြားရက်၌ မန်ယူနှင့်ပွဲမတိုင်မီ ပြိုင်ဘက် မန်ယူ အသင်းအား သတိပေးစကား ပြောကြားလိုက်သည်။

စပါးအသင်းသည် နည်းပြ မော်ရင်ဟိုလက်အောက်တွင် ခံစစ် အားနည်းမှုရှိနေသော်လည်း ယခုအခါ သုံးပွဲဆက်တိုက် အနိုင်ရကာ ယုံကြည်မှု အားကောင်းနေသည်။ စပါးသည် ဘုန်းမောက်နှင့်ပွဲတွင် သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ စပါးအသင်းအတွက် ဒယ်လီအယ်လီ တစ်ဦးတည်းက နှစ်ဂိုးသွင်းယူခဲ့ပြီး ဆစ်ဆိုခိုက တစ်ဂိုးသွင်းယူခဲ့သည်။ ဘုန်းမောက်အတွက် ချေပဂိုးနှစ်ဂိုးကို ဝီလ်ဆင်က သွင်းယူခဲ့သည်။

စပါးသည် ဗုဒ္ဓဟူးနေ့တွင် အိုး ထရက်ဖို့ဒ်သို့ သွားရောက်ကစားရမည် ဖြစ်ပြီး နည်းပြ မော်ရင်ဟိုမှာ အသင်းဟောင်းမန်ယူနှင့် ပြန်လည်ဆုံတွေ့ နေသည်။

ဒီယာက "ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ သုံးပွဲဆက် အနိုင်ရအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ်။ ဒီ့အတွက်လည်း ပျော် ရွှင်မိပါတယ်။ ကစားခဲ့ပြီးတဲ့ ပွဲအချို့ မှာ ပါဝင်ခွင့်ရလို့လည်း ပျော်တယ်။ ပွဲပြီးခါနီး ဂိုးတွေ ပြန်ပေးခဲ့ရတာက စိတ်ပျက်စရာပါ။ ခံစစ် ပိုကောင်းဖို့ လိုနေပါတယ်။ လာမယ့်ပွဲက မန်ယူနဲ့ အဝေးကွင်း ကစားရမှာပါ။ ဒီပွဲက ကျွန်တော်တို့အတွက် အရေးကြီးပါ တယ်။ နည်းပြ မော်ရင်ဟိုကလည်း သူ့အသင်းဟောင်းနဲ့ ပြန်တွေ့နေတယ်။ ကျွန်တော်တို့အသင်းဟာ အိုးထရက် ဖို့ဒ်မှာ ရလဒ်ကောင်းအချို့ ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ အခုပွဲမှာလည်း နောက် ထပ်နိုင်ပွဲရဖို့ မျှော်လင့်ထားပါတယ်"ဟု မန်ယူအသင်းအား သတိပေးပြော ကြားခဲ့သည်။



ဖတ်ရှုမှုအများဆုံး