မန်ယူအသင်းတာဝန်ရှိသူများသည် ဇန်နဝါရီအပြောင်း အရွှေ့ဈေးကွက်ဖွင့်ချိန်၌ ဘာစီလိုနာမှ ချီလီကစားသမား ဗီဒယ်ကိုခေါ်ယူရန် အေးဂျင့် နှင့်ချိတ်ဆက်နေကြောင်း အီတလီသတင်းများ က ဖော်ပြခဲ့သည်။
ဗီဒယ်သည် ဘာ စီလိုနာအသင်း တွင် ပွဲအကန့် အသတ်ဖြင့် ကစားနေရပြီး ယခုနှစ်ဘောလုံးရာသီတွင် လာလီဂါသုံးပွဲသာ ပွဲထွက်ကစား ခွင့်ရခဲ့သည်။
၃၂ နှစ်အရွယ်ဗီဒယ်က ဘာ စီလိုနာအသင်း၌ အရေးပါသည့် ကစားသမားတစ်ဦးအဖြစ် မခံစား ရပါက အသင်းပြောင်းရွှေ့ဖွယ်ရှိ ကြောင်း အသိပေးထားသည်။
မန်ယူအသင်းသည် ဗီဒယ်ကို ကာလရှည်ကြာစိတ်ဝင်စားခဲ့ပြီး ၂၀၁၄ ခုနှစ် နွေရာသီဈေးကွက်၌ ခေါ်ယူရန် ကြိုးစားခဲ့ဖူးသည်။ မန်ယူသည် လက်ရှိအချိန်တွင် ဗီဒယ်၏အေးဂျင့် ဖိလစ်ဆီ ဗစ်ချ်နှင့်ချိတ်ဆက်နေခြင်း ဖြစ်သည်။ မန်ယူအသင်း သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီက ချီလီကစား သမားဖြစ်သော ဆန်း ချက်ဇ်ကို ခေါ်ယူခဲ့ရာတွင် အေးဂျင့်ဖိလစ်ဆီဗစ်ချ်နှင့် ဆက်ဆံ ခဲ့ဖူးသည်။
ဗီဒယ်သည် ၂၀၁၈ ခုနှစ်က ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး နေရာရရှိရန်အတွက် အခက်အခဲ များရှိနေကြောင်း သိရသည်။















