ယူရို ၂၀၂၀ သေမင်းတမန်အုပ်စု ဂျာမနီနည်းပြ ဂျိုအာချင်လို ကျေနပ်

ယူရို ၂၀၂၀ သေမင်းတမန်အုပ်စု ဂျာမနီနည်းပြ ဂျိုအာချင်လို ကျေနပ်

ဂျာမနီလက်ရွေးစင်နည်းပြ ဂျိုအာချင်လိုက ယူရို ၂၀၂၀ ပြိုင်ပွဲ၏ သေမင်းတမန်အုပ်စု၌ကျရောက်နေ၍  ကျေနပ်နေကြောင်း သိရသည်။ ယူရို ၂၀၂၀ ပြိုင်ပွဲ အုပ်စု(A)တွင် တူရကီ၊ အီတလီ၊ ဝေးလ်နှင့် ဆွစ်ဇာ လန်တို့ ပါဝင်ခဲ့ပြီး အုပ်စု(B)၌ ဒိန်းမတ်၊ ဖင်လန်၊ ဘယ်လ်ဂျီယံနှင့် ရုရှားတို့ကျရောက်ခဲ့သည်။

ဂျာမနီ အသင်းမှာ အုပ်စု(F)တွင် ယူရိုလက်ရှိချန်ပီယံ ပေါ်တူဂီ၊ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်း၊ ပလေးအော့ဖ်လမ်းကြောင်း(A)မှတက်လာမည့်အသင်း တို့နှင့် တစ်အုပ်စုတည်းပါဝင်နေသည်။

အုပ်စုခွဲဝေမှုအရ အုပ်စု(C)တွင် နယ်သာလန်၊ ယူကရိန်း၊ သြစတြီးယား၊ ပလေးအော့ဖ်လမ်းကြောင်း (D)မှတက်လာမည့်အသင်းနှင့်အတူ ပါဝင်နေသည်။ အုပ်စု(E)တွင် စပိန်၊ ဆွီဒင်၊ ပိုလန်နှင့် ပလေးအော့ဖ် လမ်းကြောင်း(B)မှတက်လာမည့်အသင်းတို့ ကစား ကြမည်ဖြစ်သည်။ အုပ်စု(D)၌ အင်္ဂလန်၊ ခရိုအေးရှား၊ ချက်နှင့် ပလေးအော့ဖ်လမ်းကြောင်း(C)မှ တက်လာ မည့်အသင်းတို့ ကျရောက်နေသည်။

ဂျိုအာချင်လိုက "ပြင်သစ်၊ ပေါ်တူဂီတို့နဲ့ ကစားရမှာဖြစ်တာကြောင့် ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာ့ချန်ပီယံ၊ ယူရိုချန်ပီယံနဲ့ ကစားရတော့မှာပါ။ ကစားသမားတွေက ဒီပွဲတွေ အတွက် စိတ်အားထက်သန်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အုပ်စုက မလွယ်ဘူး"ဟု ပြောခဲ့သည်။

 



ဖတ်ရှုမှုအများဆုံး