ဘန်လေကွင်း၌ မန်စီးတီးအသင်း လေးဂိုး တစ်ဂိုးဖြင့် ဂိုးပြတ်နိုင် ဂျီးဆက်၏ခြေစွမ်းကို သံသယမထားကြောင်း ဂွာဒီယိုလာ ပြော

ဘန်လေကွင်း၌ မန်စီးတီးအသင်း လေးဂိုး တစ်ဂိုးဖြင့် ဂိုးပြတ်နိုင် ဂျီးဆက်၏ခြေစွမ်းကို သံသယမထားကြောင်း ဂွာဒီယိုလာ ပြော

မန်စီးတီးသည် ဒီဇင်ဘာ ၃ရက် က ပရီးမီးယားလိဂ်ပွဲစဉ် (၁၅)အဖြစ် ဘန်လေကွင်းတွင် သွားရောက်ကစားခဲ့ရာ တိုက်စစ်အစွမ်းပြခဲ့ပြီး လေးဂိုး တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရကာ နိုင်ပွဲ ပြန်တွေ့ခဲ့သည်။

ဒဏ်ရာရအဂူရို မပါဝင်နိုင်သော မန်စီးတီးတိုက်စစ်ကို ဘရာဇီးသား ဂျီးဆက် ဦးဆောင်လာခဲ့သည်။ ဘန်လေအသင်း၌လည်း အဓိက ကစားသမားများ အစုံအလင် ပါဝင်ခဲ့သော်လည်း မန်စီးတီးနှင့်ကစား အားချင်းမယှဉ်နိုင်ခဲ့ပေ။ ဂျီးဆက် သည် ပွဲချိန် ၂၄ မိနစ်တွင် ဒေးဗစ် ဆေးလ်ဗား၏ ဖန်တီးမှုမှတစ်ဆင့် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။

ဂျီးဆက်သည် ဒုတိယပိုင်း မိနစ် ၅၀ ၌ ဒုတိယဂိုးသွင်းယူခဲ့ပြီး မန်စီး တီးအတွက် တတိယဂိုးကို ရိုဒရီက ၆၈ မိနစ်တွင် သွင်းယူပေးခဲ့သည်။ မန်စီးတီးအတွက် စတုတ္ထဂိုးကို လူစား ဝင်လာသော မာရက်ဇ်က ပွဲချိန် ၈၇ မိနစ်တွင် သွင်းပေးခဲ့သည်။ ဘန်လေ သည် ပွဲပြီးခါနီးအချိန် ချေပဂိုးတစ်ဂိုး သာပြန်ရခဲ့ပြီး လေးဂိုး တစ်ဂိုးဖြင့် ရှုံး နိမ့်ခဲ့သည်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာက ခြေစွမ်းပြကစားခဲ့သော ဘရာဇီးတိုက် စစ်မှူး ဂျီးဆက်၏ခြေစွမ်းကို သံသယ လုံးဝမထားကြောင်း ပြောကြားခဲ့သည်။ ဂျီးဆက်သည် ပရီးမီးယားလိဂ်ငါးပွဲ ဆက် ဂိုးပေါက်ပျောက်ဆုံးမှုကို ဘန် လေပွဲ၌ အဆုံးသတ်နိုင်ခဲ့သည်။ မန်စီး တီးနည်းပြ၊ အဖွဲ့ဝင်များနှင့် ကစား သမားများမှာ ဂျီးဆက်၏ခြေစွမ်းကို စိုးရိမ်မှုမရှိဟု ဂွာဒီယိုလာက ဆိုခဲ့သည်။

ဂွာဒီယိုလာက "အဂူရိုရဲ့နေရာ ကို အစားဝင်ဖို့က ထင်သလောက် မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဟာ ဂျီးဆက်ရဲ့ခြေစွမ်းကို သံသယ ဝင်တာမျိုးမရှိဘူး"ဟု ပြောသည်။ မန်စီးတီးသည် ဒီဇင်ဘာ ၈ ရက်တွင် အိမ်ကွင်း၌ မန်ယူနှင့် ဒါဘီပွဲကစား ရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး