ဘော်လွန်းဒီအော်ဆုထပ်ရခဲ့သူ မက်ဆီအား လီဝမ်ဒေါ့စကီး ချီးကျူးပြောကြား

ဘော်လွန်းဒီအော်ဆုထပ်ရခဲ့သူ မက်ဆီအား လီဝမ်ဒေါ့စကီး ချီးကျူးပြောကြား

ပိုလန်နှင့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝမ်ဒေါ့စကီးက ဘော်လွန်း ဒီအော်ဆုကို ထပ်ရခဲ့သော ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီအား ချီးကျူးခဲ့သည်။

(၃၂)နှစ်အရွယ် တိုက်စစ်မှူး မက် ဆီသည် ဘော်လွန်းဒီအော်ဆုအား ခြောက်ကြိမ်မြောက် ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။ မက်ဆီသည် ၎င်း၏ ပရို ဘဝ၌ ပထမဆုံးဘော်လွန်းဒီအော်ဆု ကို ပဲရစ်တွင် လက်ခံရရှိခဲ့ပြီး ခြောက် ကြိမ်မြောက်ဆုကိုလည်း ပဲရစ်၌ တိုက် တိုက်ဆိုင်ဆိုင်လက်ခံရရှိခဲ့သည်။

မက်ဆီသည် ဘောလုံးသမိုင်း၏ အကောင်းဆုံးများထဲမှ တစ်ဦးအပါ အဝင်ဖြစ်ကြောင်း လီဝမ်ဒေါ့စကီးက ချီးကျူးခဲ့သည်။

လီဝမ်ဒေါ့စကီးက "မက်ဆီဟာ တကယ့်ဂရိတ်ပလေယာပါ။ ဆုရခဲ့တဲ့ အတွက် သူ့ကိုဂုဏ်ယူတယ်လို့ပြောပါ ရစေ။ မက်ဆီဟာ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးထဲက တစ်ယောက်ပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း သူ ကောင်းခဲ့တာမဟုတ်ပါဘူး။ ၁၀ နှစ်၊ ၁၅ နှစ် အကောင်းဆုံး သူကစားခဲ့ပါတယ်"ဟု ချီးကျူးခဲ့သည်။

လီဝမ်ဒေါ့ စကီးသည် ယခုနှစ်ဘောလုံးရာသီ တွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၁ ပွဲကစားခဲ့ရာ ၂၇ ဂိုး သွင်းယူထားသည်။



ဖတ်ရှုမှုအများဆုံး