တူရင်မှ ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒို ထွက်ခွာမည်မဟုတ်ဟု ပါရာတီစီ ဆို

တူရင်မှ ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒို ထွက်ခွာမည်မဟုတ်ဟု ပါရာတီစီ ဆို

ဂျူဗင်တပ်စ်အသင်း အားကစားဒါရိုက်တာ ပါရာတီစီက ပေါ်တူဂီတိုက် စစ်မှူး စီရိုနယ်ဒိုမှာ အသင်းမှထွက်ခွာမည်မဟုတ်ဟု ပြောကြားခဲ့သည်။

အသက် (၃၄)နှစ်အရွယ် စီရိုနယ်ဒိုသည် ယခုနှစ် ဘောလုံးရာသီတွင် ဒူး ဒဏ်ရာပြဿနာများ ရှိခဲ့ပြီး အချို့ပွဲများ၌ လူစားလဲခြင်းခံခဲ့ရသည်။ စီရိုနယ်ဒို သည် ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီနှင့်လည်း ဆက်ဆံရေး အဆင်မပြေ ဖြစ်နေကြောင်း သတင်းများထွက်ပေါ်နေသည်။ ထို့ကြောင့် စီရိုနယ်ဒိုသည် လာမည့်ရာသီတွင် ဂျူဗင်တပ်စ်အသင်း၌ ဆက်နေရန် သေချာခြင်းမရှိ ကြောင်းလည်း ခန့်မှန်းသတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။

သို့သော် အသင်းအားကစားဒါရိုက်တာ ပါရာတီစီက စီရိုနယ်ဒို မှာ အသင်း၌သာ ဆက်ရှိမည်ဖြစ်ကြောင်း စီရိုနယ်ဒိုကိုယ်တိုင်ကလည်း ဘော်လွန်းဒီအော်ဆု ထပ်လိုချင်ကြောင်း ဆိုခဲ့သည်။ လာမည့်နှစ် ဘောလုံးရာသီတွင် စီရိုနယ်ဒို ဆက်ရှိရန်မှာ သံသယထားစရာမလိုကြောင်း ပါရာတီစီက စကိုင်းစပို့အီတာလီယာနှင့် တွေ့ဆုံခဲ့ရာ၌ ပြောကြားခဲ့သည်။

ဆက်လက်၍ ပါရာတီစီက မန်ဇူကစ်မှာ အသင်းပြောင်းမည်ဟု မျှော်လင့်ရကြောင်း၊ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်၌ ကစားသမားသစ်ထပ်ခေါ်ရန် အစီအစဉ်မရှိကြောင်း ဆိုခဲ့သည်။



ဖတ်ရှုမှုအများဆုံး