ဖရန့်ဖတ် - ဟာသာဘာလင်
စနေ၊ နံနက် ၂းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဖရန့်ဖတ် ဝ-ဝ ဟာသာဘာလင်
ဖရန့်ဖတ်က ဘွန်ဒက်စ်လီဂါမှာ ရလဒ်ဆိုးနေပါတယ်။ ယူရိုပါလိဂ်ဘက်ကို အာရုံစိုက်နေလို့ ဖြစ်နိုင်ပါတယ်။ ဟာသာဘာလင်ကလည်း ခြေစွမ်းတောက်လျှောက်ကျဆင်းနေတဲ့အသင်းပါ။ အခုပွဲပြီးရင် ဖရန့်ဖတ်တို့ယူရိုပါလိဂ် ကစားရပါမယ်။ ဒါပေမဲ့ အိမ်ကွင်းကစားရမှာဖြစ်လို့ ဟာသာဘာလင်လို အသင်းကို မဖြစ်မနေအနိုင်ယူမှာပါ။
ဒေါ့မွန် - ဒူဆယ်ဒေါ့ဖ်
စနေ၊ ည ၉းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဒေါ့မွန် ၃-၂ ဒူဆယ်ဒေါ့ဖ်
ချန်ပီယံလိဂ်ကစားဖို့ရှိနေရင် ဒေါ့မွန်တို့ဘွန်ဒက်စ်လီဂါမှာ ရလဒ်သိပ်မကောင်းတတ်ပါဘူး။ အခုလည်း ဒီပွဲပြီးရင် ချန်ပီယံလိဂ်ကစားရဦးမှာပါ။ ဒူဆယ်ဒေါ့ဖ် ဇယားအောက်နားက အသင်းပါ။ ဒါပေမဲ့ ဒေါ့မွန်ရဲ့ အစဉ်အလာကြောင့် ဒူဆယ်ဒေါ့ဖ် အခုပွဲမှာ အမှတ်ခွဲယူသွားမလား စောင့်ကြည့်ရမှာပါ။
လိုက်ပဇစ် - ဟော့ဖန်ဟိမ်း
စနေ၊ ည ၉းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ လိုက်ပဇစ် ၁-၁ ဟော့ဖန်ဟိမ်း
ဘွန်ဒက်စ်လီဂါမှာတော့ လိုက်ပဇစ်ရဲ့ ခြေစွမ်းက ပြောစရာမရှိပါဘူး။ အကောင်းဆုံးအနေအထားတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ဟော့ဖန်ဟိမ်းလည်း ဆိုးဆိုးရွားရွားထဲက မဟုတ်ပါဘူး။ လိုက်ပဇစ်အိမ်ကွင်း ဖြစ်နေ တာကြောင့် ဟော့ဖန်ဟိမ်းအတွက် အခက်အခဲရှိနိုင်ပါတယ်။ အိမ်ရှင်ကိုပဲ အားပေးသင့်ပါတယ်။
မွန်ချင်ဂလက်ဘတ် - ဘိုင်ယန်မြူးနစ်
စနေ၊ ည ၉းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ မွန်ချင် ၁-၅ ဘိုင်ယန်
မိုချင်က အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့အသင်းဖြစ်ပြီး ဘိုင်ယန်က ဇယားထိပ်ဆုံးနေရာကို ရယူဖို့ ကြိုးစားနေတဲ့အသင်းပါ။ ဒီနှစ် မွန်ချင်ရဲ့ခြေစွမ်းက တော်တော်ငြိမ်ပါတယ်။ နောက်ဆုံးတွေ့ဆုံမှုမှာ ဘိုင်ယန်တို့ ဂိုးပြတ်အနိုင်ရခဲ့တယ်ဆိုပေမဲ့ အခုချိန်မှာတော့ မဖြစ်နိုင်ပါဘူး။ မွန်ချင်ဘက်ကပဲ ရပ်တည်သင့်တဲ့ပွဲပါ။
ဖရိုင်းဘတ် - ဝုဖ်ဘတ်
စနေ၊ ည ၉းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဖရိုးဘတ် ၃-၃ ဝုဖ်ဘတ်
နှစ်သင်းစလုံးက ခြေစွမ်းအကျဘက်ကို ရောက်နေတဲ့ အခြေအနေတူတွေပါ။ နောက်ပြီးခြေလည်း မငြိမ်ပါဘူး။ ဒီလိုအသင်းတွေတွေ့ဆုံတဲ့အခါ အိမ်ရှင်အဖြစ် ကစားရတဲ့အသင်းက အသာစီးရတတ်ပါတယ်။ ဒါကြောင့်အခုပွဲကို အိမ်ရှင်အဖြစ် ကစားရမယ့်ဖရိုင်းဘတ်ကိုပဲ အားပေးချင်ပါတယ်။
အော့စ်ဘတ် - မိန့်ဇ်
စနေ၊ ည ၉းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ အော့စ်ဘတ် ၃-ဝ မိန့်ဇ်
ပြီးခဲ့တဲ့ရာသီ ဒီနှစ်သင်း တွေ့ဆုံမှုတွေကိုပြန်ကြည့်တဲ့အခါ အိမ်ရှင်အဖြစ် ကစားရတဲ့အသင်းက ကိုယ်စီအနိုင်ရခဲ့ပါတယ်။ အခုလည်း အော့စ်ဘတ်က အိမ်ရှင်အဖြစ် ကစားရမှာပါ။ လက်ရှိအချိန်မှာ နှစ်သင်းစလုံးက ဇယားအောက်နားကနေ အပေါ်တက်ဖို့ ကြိုးစားနေကြတဲ့အပြင် ရလဒ်ပိုင်းလည်း ကောင်းနေပါတယ်။ ဒါကြောင့် အခြေအနေတူနှစ်သင်းတွေ့ဆုံမှုမှာ အိမ်ရှင်အသင်းက အလေးသာနေပါတယ်။
လေဗာကူဆင် - ရှော်လ်ကေး
တနင်္ဂနွေ၊ နံနက် ဝဝးဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ လေဗာကူဆင် ၁-၁ ရှော်လ်ကေး
ဘိုင်ယန်မြူးနစ်လိုအသင်းကို အဝေးကွင်းမှာ အနိုင်ကစားခဲ့တဲ့ လေဗာကူဆင်အသင်းရဲ့ ခြေစွမ်းက လုံးဝလျှော့တွက်လို့မရပါဘူး။ အခုလည်း အိမ်ကွင်းမှာ ရှော်လ်ကေးကို ကစားရဦးမှာပါ။ ရှော်လ်ကေးကလည်း ခြေငြိမ်တဲ့အသင်းပါ။ နိုင်ပွဲတွေ ဆက်နေပါတယ်။ အခုပွဲမှာ ဒီနှစ်သင်း အမှတ်ခွဲယူလိမ့်မယ်ထင်ပါတယ်။
ယူနီယံဘာလင် - ကိုလုံး
တနင်္ဂနွေ၊ ည ၉းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ယူနီယံဘာလင် ၂-ဝ ကိုလုံး
ဘွန်ဒက်စ်လီဂါ ဒုတိယတန်းမှာ မကြာခဏ တွေ့ဆုံခဲ့တဲ့ အသင်းတွေဖြစ်တာကြောင့်တစ်သင်းအထာကိုတစ်သင်း ကောင်းကောင်းသိနေပါတယ်။ လက်ရှိအချိန်မှာ ယူနီယံဘာလင်က ခြေအတော်လေး ကောင်းနေပါတယ်။ ကိုလုံးကတော့ တန်းဆင်းဇုန်ထဲမှာပါ။ ယူနီယံဘာလင်ကွင်းလည်း ဖြစ်နေတော့ အိမ်ရှင်ဘက်ကပဲ ရပ်တည်သင့်ပါတယ်။
ဝါဒါဘရီမင် - ပက်ဒါဘွန်း
တနင်္ဂနွေ၊ ည ၁၁း၃ဝ
နောက်ဆုံးတွေ့ဆုံမှု၊ ပက်ဒါဘွန်း ၂-၂ ဝါဒါဘရီမင်
နှစ်သင်းစလုံးက အမှတ်ပေးဇယား အောက်နားက အသင်းတွေပါ။ ဝါဒါဘရီမင်က အဆင့်(၁၃) မှာ ရပ်တည်နေပေမဲ့ ပက်ဒါဘွန်းကတော့ အဆင့် (၁၈) က အသင်းပါ။ အခုကစားရမှာက ဝါဒါဘရီမင်ကွင်းလည်း ဖြစ်နေပါတယ်။ အိမ်ရှင်အသင်း ဂိုးဘယ်လောက်သွင်းမလဲ စောင့်ကြည့်ရမှာပါ။















