အာဆင်နယ်နှင့် အဲဗာတန်အသင်းတို့သည် နည်းပြသစ်အဖြစ် တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းအက်စ်အိုင်ပီဂျီနည်းပြ ဗစ်တာ ပါရီယာအား ပစ်မှတ်ထားနေကြောင်း အင်္ဂလန်သတင်းများက ဖော်ပြခဲ့သည်။
အာဆင်နယ်သည် နည်းပြအမ်မရီအား ရာထူးမှထုတ်ပယ် ခဲ့ပြီးနောက် ကစားသမားဟောင်း ယွန်းဘတ်ကို ယာယီနည်းပြ အဖြစ် တာဝန်ပေးခဲ့ရာ ရလဒ်များ ဆိုးရွားနေသည်။ အာဆင်နယ် သည် ၄၂ နှစ်အတွင်း နိုင်ပွဲပျောက် အရှည်ကြာဆုံးဖြစ်နေသည်။ အာဆင် နယ်သည် နည်းပြသစ်အဖြစ် ရော်ဂျာ၊ အယ်လီဂရီ၊ အန်ဆယ်လော့တီ နှင့် ပိုချက်တီနိုတို့ကိုလည်း စောင့်ကြည့်နေသည့်အခိုက် (၅၁)နှစ်အရွယ် နည်းပြပါရီယာကို စိတ်ဝင်စားလာခြင်းဖြစ်သည်။
အဲဗာတန်အသင်းကလည်း မာကိုဆေးလ်ဗားအား ရာထူးမှထုတ်ပယ် ခဲ့ပြီးနောက် နည်းပြသစ် အလျင်အမြန် ရှာဖွေမည်ဖြစ်ရာ ပစ်မှတ် နည်း ပြများထဲတွင် ပါရီယာ ပါဝင်နေသည်။ ပါရီယာသည် ပေါ်တိုအသင်းကို နည်းပြခဲ့စဉ် လိဂ်ဖလား နှစ်ကြိမ် ပိုင်ဆိုင်ခဲ့သည်။
ပါရီယာသည် ဂရိက လပ် အိုလံပီယာကို့စ်ကိုလည်း နည်းပြခဲ့ဖူးပြီး ယမန်နှစ်က ရှန်ဟိုင်းအက်စ် အိုင်ပီဂျီအသင်းသို့ ရောက်ရှိခဲ့သူဖြစ်သည်။















