ရောမတွင် စီရိုနယ်ဒို ဂိုးသွင်းနိုင်သော်လည်း ဂျူဗင်တပ်စ် ဂိုးပြတ်ရှုံး

ရောမတွင် စီရိုနယ်ဒို ဂိုးသွင်းနိုင်သော်လည်း ဂျူဗင်တပ်စ် ဂိုးပြတ်ရှုံး

စီးရီးအေလက်ရှိချန်ပီယံ ဂျူဗင်တပ်စ်သည် ဒီဇင်ဘာ ၇ ရက်က စီးရီး အေပွဲစဉ် ၁၅ အဖြစ် ရောမတွင် လာဇီယိုနှင့်ယှဉ်ပြိုင်ခဲ့ရာ အဓိကတိုက်စစ်မှူး စီရိုနယ်ဒို ဂိုးသွင်းနိုင်ခဲ့သော်လည်း သုံးဂိုး တစ်ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့၍ ယခုနှစ်ရာသီ ပထမဆုံးစီးရီးအေရှုံးပွဲ ရင်ဆိုင်ခဲ့ရသည်။

ဂျူဗင်တပ်စ်တိုက် စစ်ကိုဦးဆောင်ခဲ့သော စီရိုနယ်ဒိုသည် ပွဲချိန် ၂၅ မိနစ်တွင် ဘန်တန်ကာ၏ ဖန်တီးမှုမှတစ်ဆင့် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ လာဇီယိုသည် ပထမပိုင်းပြီးလုချိန်တွင်  ချေပဂိုးပြန်ရခဲ့ပြီး  ဖိလစ်ပီက သွင်းယူခဲ့သည်။

ပွဲအလှည့်အပြောင်းမှာ ပွဲချိန် ၆၉ မိနစ်၌ ဂျူဗင် တပ်စ်ကစားသမား ကွာဒရာဒို အနီကတ်ပြထုတ်ပယ် ခံခဲ့ရခြင်းဖြစ်သည်။ လာဇီယိုသည် ပွဲချိန် ၇၄ မိနစ်တွင် ဒုတိယဂိုးရရှိခဲ့ရာ ဆာဗစ်ကသွင်းယူခဲ့သည်။

ဂျူဗင်တပ်စ် သည် ကစားသမားတစ်ယောက်လျော့ခဲ့ပြီးနောက် လာဇီယိုနှင့်မယှဉ်နိုင်ခဲ့ပေ။ လာဇီယိုတိုက် စစ်မှူး အင်မိုဘိုင်းမှာ ၇၉ မိနစ်တွင် ပင်နယ်တီရခဲ့သော်လည်း ဂိုးမဝင် ခဲ့ပေ။ လာဇီယိုအတွက်အပိတ် ဂိုးကို ကိုင်စီဒိုက ပွဲပြီးလုချိန် တွင် သွင်းယူခဲ့သည်။

ဂျူဗင်တပ်စ်နည်း ပြ ဆာရီက အသင်း၏ပထမပိုင်းကစားပုံ ကောင်းခဲ့ကြောင်း၊ အနီ ကတ်ပြခံရခြင်းမှာ  အရာရာ ပြောင်းလဲသွားခဲ့ဟု  ပြောခဲ့သည်။ ဂျူဗင်တပ်စ်သည် စီးရီးအေပွဲစဉ် ၁၅ အပြီး ၁၁ ပွဲနိုင်၊ သုံးပွဲသရေ၊ တစ်ပွဲရှုံး၊ ၃၆ မှတ်ဖြင့် အဆင့်တစ်နေရာမှ အင်တာမီလန်နှင့် နှစ်မှတ်ကွာဟနေကာ ဒုတိယနေရာ၌ ရပ်တည် လျက်ရှိသည်။

 

 



ဖတ်ရှုမှုအများဆုံး