ပရီးမီးယားလိဂ် ရှစ်ပွဲဆက် နိုင်ပွဲရမှတ်တမ်း လက်စတာအသင်း ပိုင်ဆိုင် လိဂ်ရှစ်ပွဲဆက် ဒုတိယအကြိမ်မြောက် တိုက်စစ်မှူး ဗာဒီ ဂိုးသွင်းနိုင်

ပရီးမီးယားလိဂ် ရှစ်ပွဲဆက် နိုင်ပွဲရမှတ်တမ်း လက်စတာအသင်း ပိုင်ဆိုင် လိဂ်ရှစ်ပွဲဆက် ဒုတိယအကြိမ်မြောက် တိုက်စစ်မှူး ဗာဒီ ဂိုးသွင်းနိုင်

လက်စတာအသင်းသည် ဒီဇင်ဘာ ၈ ရက်က ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ အဖြစ် ဗီလာကွင်းတွင် ယှဉ်ပြိုင်ခဲ့ရာ တိုက်စစ်အစွမ်းပြခဲ့ပြီး လေးဂိုး တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့၍ အသင်းသမိုင်း တစ်လျှောက် မရခဲ့ဖူးသည့် မှတ်တမ်းတစ်ခု ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။

လက်စတာသည်အဝေးကွင်းတွင် ဖိဖိစီးစီးကစားခဲ့ပြီး ဦးဆောင်ဂိုးကို တိုက်စစ်မှူး ဗာဒီက ပွဲချိန် မိနစ် ၂၀ တွင် သွင်းယူခဲ့သည်။ လက်စတာအတွက် ဒုတိယဂိုးကို အီဟီရန်နာချိုက ပွဲချိန် ၄၁ မိနစ်တွင် သွင်းယူခဲ့ပြီး ဗီလာမှာ ပထမပိုင်း ပြီးလုချိန်တွင် ချေပဂိုးတစ်ဂိုး ပြန်ရ ခဲ့သည်။

ဗီလာခံစစ်သည် အားနည်းမှုရှိခဲ့ပြီး ပွဲချိန် ၄၉ မိနစ်တွင် တတိယဂိုးပေးခဲ့ရသည်။ အင်္ဂလန် တိုက်စစ်မှူး ဘာဒီသည် ခြေစွမ်းပြကစားခဲ့ပြီး ပွဲချိန် ၇၅ မိနစ်တွင် အသင်းအတွက် စတုတ္ထဂိုး သွင်းယူခဲ့သည်။

ဂိုးပြတ်နိုင်ပွဲရခဲ့သော လက်စတာအသင်း သည် အသင်းသမိုင်းတစ်လျှောက် ပရီးမီးယား လိဂ် ရှစ်ပွဲဆက် အနိုင်ရခဲ့သည့် စံချိန် မှတ်တမ်း ကောင်း ပိုင်ဆိုင်လာခဲ့သည်။ လက်စတာ သည် ဗီလာကိုနိုင်ခဲ့၍ ယခုနှစ် ပရီးမီးယားလိဂ် ၁၂ ပွဲမြောက်နိုင်ပွဲရရှိခဲ့သည်။ လက်စတာသည် ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ အပြီး ၃၈ မှတ်ဖြင့် တတိယနေရာမှ လက်ရှိ ချန်ပီယံ မန်စီးတီးကို ခြောက်မှတ်ဖြတ်ကာ ဦးဆောင်သူ လီဗာပူးနှင့် ရှစ်မှတ် ကွာဟနေသည်။

၃၂ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူး ဗာဒီသည် ၎င်း၏ကစားသမားဘဝ၌ ဒုတိယအကြိမ် မြောက် ပရီးမီးယားလိဂ် ရှစ်ပွဲဆက်တိုက် ဂိုး သွင်းနိုင်ခဲ့ကြောင်း သိရသည်။ ဗာဒီသည် ၂၀၁၅ ခုနှစ်က ပရီးမီးယားလိဂ် ၁၁ ပွဲဆက်တိုက် ဂိုးသွင်းခဲ့ပြီးနောက် ယခုအခါ ၎င်း၏အကောင်း ဆုံးစံချိန်ကို လိုက်မီရန် သုံးပွဲဆက် ဂိုးသွင်းရန် သာလိုအပ်နေသည်။ လက်စတာအသင်း အား နည်းပြရော်ဂျာ ကိုင်တွယ်ခဲ့ပြီးနောက် ဗာဒီသည် ၂၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ရာ အခြားကစား ဖော်များထက် ရှစ်ဂိုး ပိုသွင်းထားသည်။



ဖတ်ရှုမှုအများဆုံး