နာပိုလီအသင်းတာဝန်ရှိသူများသည် ဝါရင့် နည်းပြအန်ဆယ်လော့တီအား ရာထူးမှ ထုတ် ပယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ နာပိုလီ အသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် ရလဒ် များတည်ငြိမ်မှုမရှိခဲ့ဘဲ နည်းပြအန်ဆယ်လော့ တီမှာ ဖိအားများရင်ဆိုင်ခဲ့ရသည်။
နည်းပြ အန်ဆယ်လော့တီသည် ယခုနှစ်ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တက်ရောက်ရန် စွမ်းဆောင် နိုင်ခဲ့သော်လည်း အသင်းတာဝန်ရှိသူများက အံ့အားသင့်ဖွယ်ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ် သည်။ နာပိုလီသည် ဒီဇင်ဘာ ၁၀ ရက်က အိမ်ကွင်းတွင် ဂျန့်ခ်အသင်းနှင့် ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲယှဉ်ပြိုင်ခဲ့ရာ တိုက်စစ်မှူး မီလစ်၏ ဟက်ထရစ်အပါအဝင် လေးဂိုးပြတ် အနိုင်ရခဲ့သည်။
နာပိုလီအသင်းသည် ချန်ပီယံလိဂ်အုပ်စု E တွင် သုံးပွဲနိုင် သုံးပွဲသရေ ရမှတ် ၁၂ မှတ် ဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ သည်။ နည်းပြအန်ဆယ်လော့တီနှင့် လမ်းခွဲ လိုက်ပြီဖြစ်ကြောင်း၊ အသင်းဥက္ကဋ္ဌ ဒီလော်ရန် တစ်နှင့် အန်ဆယ်လော့တီတို့အကြား ရင်းနှီး သည့်ဆက်ဆံရေးရှိနေမည်ဖြစ်ကြောင်း နာပိုလီ အသင်းက ထုတ်ပြန်ခဲ့သည်။
နာပိုလီသည် ၂၀၁၆-၂၀၁၇ ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ် သည်။ နာပိုလီသည် ဂျန့်ခ်အား အနိုင်ရခဲ့သည့်ပွဲ မတိုင်မီ ပြိုင်ပွဲစုံကိုးပွဲဆက်တိုက်အနိုင်ပျောက် ဆုံးခဲ့သည်။ နာပိုလီသည် စီးရီးအေတွင် ဦးဆောင်သူ အင်တာမီလန်နှင့် ၁၇ မှတ်ကွာဟ နေပြီး အဆင့် ၇ နေရာတွင်ရပ်တည်နေသည်။ အသက်(၆၀)အရွယ်နည်းပြ အန်ဆယ်လော့တီ သည် နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်တစ်နှင့် ဆက်ဆံရေးအဆင်မပြေကြောင်း သတင်းများ ထွက်ခဲ့သည်။
နည်းပြအန်ဆယ်လော့တီသည် အာဆင် နယ်နှင့် အဲဗာတန်အသင်းတို့၏ ပစ်မှတ်ဖြစ် လာကြောင်းလည်း ဗြိတိန်သတင်းများကဖော်ပြ ခဲ့သည်။ အာဆင်နယ်နှင့် အဲဗာတန်သည် လက်ရှိတွင် ကစားသမားဟောင်းများဖြစ်သော ယွန်းဘတ်နှင့် ဒန်ကန်ဖာဂူဆန်တို့ကို ယာယီ နည်းပြအဖြစ်ခန့်အပ်ထားပြီး အမြဲတမ်းနည်းပြ ရှာဖွေနေသည်။ အန်ဆယ်လော့တီသည် အီ တလီ၊ အင်္ဂလန်၊ ပြင်သစ်၊ စပိန်နှင့် ဂျာမနီ နိုင်ငံတွင်နည်းပြခဲ့ဖူးပြီး ချယ်လ်ဆီး၊ ဘိုင် ယန်မြူးနစ်နှင့် ပီအက်စ်ဂျီအသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးသည်။















