ပညာရေးဘွဲ့ စာပေးစာယူသင်တန်း လျှောက်ထားနိုင်

ပညာရေးဘွဲ့ စာပေးစာယူသင်တန်း လျှောက်ထားနိုင်

ရန်ကုန်ပညာရေးတက္ကသိုလ်က ပထမအကြိမ်ဖွင့်လှစ်မည့် ပညာရေးဘွဲ့ စာပေးစာယူသင်တန်းကို တက္ကသိုလ်ဘွဲ့ရရှိထားသူများ၊ မာလ်တီမီဒီယာ အတတ်ပညာ ဘွဲ့လွန်ဒီပလိုမာရရှိထားသူများ အပါအဝင် အချက်လေးချက်နှင့် ကိုက်ညီသူများလည်း လျှောက်ထားနိုင်ပြီဖြစ်သည်။

ထို့ပြင် အခြေခံပညာ အထက်တန်းကျောင်းများတွင်အထက်တန်းပြ၊ မူလတန်းကျောင်းအုပ်၊ အလယ်တန်းပြ၊ ပညာရေးကောလိပ်တွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်သူများ (အထက်တန်းပြနှင့် အလယ်တန်းပြ လစာနှုန်းထားတူသူများ)လည်းလျှောက်ထားနိုင်ပြီး သင်ကြားရေးနှင့်သက်ဆိုင်သော ဒုဦးစီးမ·းများ၊ ဒုတိယကြီးကြပ်ရေးမ·းများနှင့် လုပ်သက်ငါးနှစ်ရှိ မာလ်တီမီဒီယာအတတ်ပညာဘွဲ့ရ ကွန်ပျူတာလုပ်ဆောင်ရေးမှူးများနှင့် ဘွဲ့တစ်ခုရရှိထားပြီး B.Ed ဘွဲ့မရရှိသေးသူများလည်း လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ သင်တန်းဝင်ခွင့် လျှောက်လွှာများကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက်နှင့် သက်ဆိုင်ရာပညာရေးမ·းရုံးတွင် ယခုလ ၂၄ ရက် နောက်ဆုံးလျှောက်ထားရမည်ဖြစ်ပြီး ဝင်ခွင့်စာမေးပွဲကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၃ ရက် တွင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်စာစစ်ဌာနများတွင် ဖြေဆိုရမည်ဖြစ်သည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး