ကစားသမားဘဝမှ အနားယူပြီဟု လာဗက်ဇီ ကြေညာ

ကစားသမားဘဝမှ အနားယူပြီဟု လာဗက်ဇီ ကြေညာ

အာဂျင်တီးနား တိုက်စစ်မှူးဟောင်း လာဗက်ဇီက ၄င်းအနေဖြင့် လက်ရှိကစားနေသော တရုတ်စူပါလိဂ်ကလပ် ဟူဘိုင်း ချိုင်းနားဖော်ကျွန်းတွင် နောက်ဆုံးရာသီ ပါဝင်ကစားပြီးနောက် ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်း တွစ်တာ၌ ပို့စ်တင်ကာ ပရိသတ်များအား အသိပေး ကြေညာခဲ့သည်။

 

 ၃၄ နှစ်အရွယ် တိုက်စစ် မှူး လာဗက်ဇီသည် နာပိုလီနှင့် ပီအက်စ် ဂျီအသင်းတို့၌ ကစားခဲ့ဖူးသူဖြစ်သည်။ ၎င်းသည် ပီအက်စ်ဂျီ၌ ကစားခဲ့စဉ် ပြင်သစ်လီဂူး ချန်ပီယံဆုဖလား လေးကြိမ် အပါအဝင် အခြားအောင်မြင်မှုများစွာ ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။ လာဗက်ဇီသည်၂ဝ၁၆ ခုနှစ်က ပီအက်စ်ဂျီမှ တရုတ်စူပါ လိဂ်သို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

လာဗက်ဇီသည် ၂ဝ၁၇ ခုနှစ်တွင် တရုတ်စူပါလိဂ်၌ ခြေစွမ်းအပြနိုင်စွမ်း ကစားသမားဖြစ်ခဲ့ပြီး ၂၇ ပွဲ ကစားခဲ့ရာဂိုး ၂ဝ သွင်းယူကာ ဖန်တီးမှု ၁၉ ကြိမ် ပြုလုပ်ပေးခဲ့သည်။ 

လာဗက်ဇီသည် ယခု နှစ်ဘောလုံးရာသီတွင် အသင်းအတွက် ၁၁ ပွဲကစားခဲ့ရာ သုံးဂိုးသွင်းယူခဲ့သည်။ ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလားတွင် ခြောက်ပွဲ ကစားခဲ့သော လာဗက်ဇီသည် အာဂျင်တီး နားအတွက် ၅၁ ပွဲ၌ ကိုးဂိုးသွင်းခဲ့သည်။

 



ဖတ်ရှုမှုအများဆုံး