အာဆင်နယ်ပွဲ၌ အဂူရိုနှင့် ဂျွန်စတုန်းတို့ပါဝင်ရန် မသေချာ

အာဆင်နယ်ပွဲ၌ အဂူရိုနှင့် ဂျွန်စတုန်းတို့ပါဝင်ရန် မသေချာ

မန်စီးတီးနည်းပြ ဂွာဒီယိုလာက အာဆင်နယ်ကွင်း၌ ကစားရမည့်ပွဲတွင် အဓိကတိုက်စစ်မှူး အဂူရိုနှင့် နောက်ခံလူ ဂျွန်စတုန်းတို့ ပါဝင်ရန်မသေချာဟု ပြော ကြားခဲ့သည်။

၂၅ နှစ်အရွယ် ဂျွန်စတုန်း သည် မန်ယူပွဲတွင် ဒဏ်ရာရရှိခဲ့ပြီးနောက် ဒိုင်နမိုဇာဂရက်ပွဲကို လွဲချော်ခဲ့သူဖြစ် သည်။ အာဂျင်တီးနား တိုက်စစ်မှူး အဂူရိုမှာ ပေါင်ခြံဒဏ်ရာကြောင့် အနား ယူနေရပြီး လက်ရှိအချိန်ထိ လေ့ကျင့် ခန်း မဆင်းနိုင်သေးပေ။

မန်စီးတီးနည်းပြ ဂွာဒီယိုလာက ''ဂျွန်စတုန်းဟာ ဒဏ်ရာရနေတယ်။ သူ ဘယ်အချိန် ပြန်လာနိုင်မလဲဆိုတာ ကျွန် တော် မသိသေးပါဘူး။ အဂူရိုကလည်း အခုချိန်ထိ လေ့ကျင့်ခန်းမဆင်းနိုင်ဘူး'' ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ နည်းပြ ဂွာဒီယိုလာက မန်ယူပွဲတွင် ဒဏ် ရာရရှိခဲ့သော ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗားမှာ အာဆင်နယ်ပွဲ၌ ပါဝင် နိုင်မည်ဟု မျှော်လင့်ထားကြောင်း အသိပေးခဲ့သည်။ မန်စီးတီး ကစားသမား နှစ်ဦးဖြစ်သည့် ဆာနေးနှင့် လာပေါ်တီတို့မှာလည်း ဒူးဒဏ်ရာကြောင့် ၂ဝ၂ဝ ဖေဖော်ဝါရီအထိ နားရမည်ဖြစ်သည်။

အာဆင်နယ်အသင်းမှာ အိမ်ကွင်း တွင် တောင့်တင်းသောပုံစံဖြင့် ကစား လာမည်ဟု ဂွာဒီယိုလာက မျှော်လင့် ထားသည်။



ဖတ်ရှုမှုအများဆုံး