လီဗာပူးအသင်း တာဝန်ရှိသူများသည် ဂျာမန်နည်းပြ ဂျာဂင်ကလော့ပ်နှင့် အင်္ဂလန်ကွင်းလယ်လူ ဂျိမ်းမီလ်နာတို့နှင့် စာချုပ်သက်တမ်းတိုးမြှင့်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
၅၂ နှစ်အရွယ် နည်းပြကလော့ပ် သည်၂ဝ၁၅ ခုနှစ် အောက်တိုဘာက လီဗာပူးသို့ ပြောင်း ရွှေ့ခဲ့သူဖြစ်ပြီး ၂ဝ၁၆ ခုနှစ် ဇူလိုင်တွင် ခြောက်နှစ်သက် တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။
နည်းပြ ကလော့ပ် သည် ယမန်နှစ် ဘောလုံးရာသီက ချန်ပီယံဆုဖလား ပြန် လည်ရရှိရန် စွမ်းဆောင်ပေးခဲ့သည်။ ၎င်းသည် ယခုနှစ် ရာသီတွင် အသင်းအတွက် ၁၉၉ဝ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြည်တွင်းအမှတ်ပေးဖလားဆွတ်ခူးရန် ကြိုးစားပေးနေသူဖြစ်သည်။
နည်းပြကလော့ပ်သည် လီဗာပူးအသင်းနှင့် သက်တမ်း တိုးခဲ့သော စာချုပ်အရ လာမည့် ၂ဝ၂၄ ခုနှစ်အထိ ဆက်ရှိနေမည်ဖြစ်သည်။ ကလော့ပ်၏ လက်ထောက်နည်းပြ နှစ်ဦးမှာလည်း စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ကြသည်။
အင်္ဂလန်ကွင်းလယ်လူ မီလ်နာ၏စာချုပ်မှာ ယခုနှစ်ရာသီ ကုန်တွင် ကုန်ဆုံးမည်ဖြစ်ရာ ယခုအခါ သုံးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ မီလ်နာသည် ယခုနှစ်ရာသီ တွင် အဓိကနေရာမှ ခြေစွမ်းပြနေသူဖြစ်ပြီး လီဗာပူးကစားသမားဘဝ ၁၉၈ ပွဲ ကစားထားသူဖြစ်သည်။
ပရီးမီးယားလိဂ် နိုဝင်ဘာ တစ်လတာအကောင်းဆုံး ဆုကို ဂျာဂင်ကလော့ပ်က နည်းပြဘဝ တတိယအကြိမ် မြောက် ဆွတ်ခူးခဲ့သည်။ တစ်လတာအကောင်းဆုံးဆုကို လီဗာပူး ကစားသမားဖြစ်သော မာနေး ရရှိခဲ့ကြောင်း သိရသည်။
ဆီနီဂေါတိုက်စစ်မှူး မာနေးသည် နိုဝင်ဘာလ အတွင်း သုံးဂိုးသွင်းယူကာ ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ် ပေးခဲ့သည်။ ၎င်းသည် ယခုနှစ် ပရီးမီးယားလိဂ် ၁၅ ပွဲကစားထားရာ ကိုးဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုလေး ကြိမ်ပြုလုပ်ထားသူဖြစ်သည်။
နိုဝင်ဘာ အကောင်းဆုံး သွင်းဂိုးအဖြစ် နယူးကာဆယ် နှင့် နှစ်ဂိုးစီ သရေကျခဲ့သည့်ပွဲ၌ ဂိုးသွင်းခဲ့သည့် ဒီဘရိုင်းသတ်မှတ်ခံခဲ့ရသည်။















