ဘာစီလိုနာ တိုက်စစ်မှူး တစ်ဦး ဖြစ်သူ ဆိုစီဒက်နှင့် နှစ်ဂိုးစီ သရေကျခဲ့သည့်ပွဲတွင် အခွင့်အရေးများ ဆုံးရှုံးခဲ့သောကြောင့် စိတ်ပျက်မိကြောင်း ပွဲအပြီး၌ ပြောကြားခဲ့သည်။
ဘာစီလိုနာ သည် ဆိုစီဒက်ကွင်းတွင် ခက်ခက်ခဲခဲကစားခဲ့ရပြီး ပွဲချိန် ၁၂ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ဦးဆောင်ဂိုး ပေးခဲ့ရသည်။
ဂရစ်ဇ်မန်းသည် ပွဲချိန် ၃၈ မိနစ်တွင် ဆွာရက်ဇ်၏ ဖန်တီးမှုမှ တစ်ဆင့် ချေပဂိုး သွင်းယူခဲ့သည်။ ဘာစီလိုနာသည် ဒုတိယပိုင်း ၄၉ မိနစ်တွင် ဆွာရက်ဇ်၏ဂိုးဖြင့် ဦးဆောင် နေခဲ့သည်။
အကြိတ်အနယ်ကစားရင်း အိမ်ရှင် ဆိုစီဒက်မှာ ပွဲချိန် ၆၂ မိနစ်တွင် ဒုတိယချေပဂိုး ရရှိခဲ့၍ ဘာစီလိုနာမှာ အနိုင်သုံးမှတ်နှင့် ဝေးကွာခဲ့သည်။
ဘာစီလိုနာသည် လာမည့်အပတ်၌ ရီးရဲလ်မက်ဒရစ်နှင့် အယ်ကလာစီကိုပွဲ ကစားရမည်ဖြစ်ရာ ပွဲကြီးပွဲကောင်း မတိုင်မီ အနိုင်သုံးမှတ် မရခဲ့ပေ။
ဂရစ်ဇ်မန်းက ''ကျွန်တော်တို့အသင်း အနေနဲ့ ဒုတိယပိုင်းမှာ တတိယဂိုး သွင်းယူနိုင်ဖို့အတွက် အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ ဒါက စိတ်ပျက်စရာ ကောင်းပါတယ်။ နောက်ဆုံးမှာတော့ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တယ်''ဟု ပြောခဲ့သည်။
ဘာစီလိုနာသည် လာမည့် ဒီဇင် ဘာ ၁၈ ရက်တွင် ရီးရဲလ်မက်ဒရစ် ကွင်းသို့ သွားရောက် ကစားရမည် ဖြစ်သည်။















