ဆာလက်ချ်၏ ဂိုးများဖြင့် ဝက်ဖို့ဒ်အား လီဗာပူး နှစ်ဂိုးပြတ် အနိုင်ယူ

ဆာလက်ချ်၏ ဂိုးများဖြင့် ဝက်ဖို့ဒ်အား လီဗာပူး နှစ်ဂိုးပြတ် အနိုင်ယူ

လီဗာပူးအသင်းသည် ဒီဇင်ဘာ ၁၄ ရက်က ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ အဖြစ် အိမ်ကွင်းတွင် ဝက်ဖို့ဒ်နှင့် ယှဉ်ပြိုင်ခဲ့ရာ တောင်ပံတိုက်စစ်မှူး ဆာလက်ချ်၏ ဂိုးများဖြင့် နှစ်ဂိုး ဂိုးမရှိ အနိုင်ရကာ နိုင်ပွဲဆက်ခဲ့ကြောင်း သိရသည်။

လီဗာပူးတိုက်စစ်ကို ဆာ လက်ချ်ဦးဆောင်ခဲ့ပြီး မာနေး၊ ဖာမီနို၊ ရှာကီရီ၊ ဝစ်နယ်ဒန်နှင့် ဟန်ဒါဆန် တို့လည်း ပါဝင်ခဲ့သည်။

ဝက်ဖို့ဒ်တိုက်စစ်တွင် ဒီနေး ပါဝင် ခဲ့ပြီး အဓိက ကစားသမားများဖြင့် လီဗာပူးအား ရင်ဆိုင်ခဲ့သည်။ လီဗာပူး သည်ပွဲချိန် ၃၈ မိနစ်တွင် ဦးဆောင် ဂိုးရခဲ့ရာ မာနေး၏ အကွက်မြင်မြင် ဘောလုံးပေးပို့မှုမှတစ်ဆင့် ဆာလက်ချ် က သွင်းယူခဲ့သည်။ မာနေးသည် ပွဲချိန် ဒုတိယပိုင်းတွင် ဂိုးသွင်းခဲ့သော် လည်း လူကျွံနေခဲ့၍ ဂိုးမရခဲ့ပေ။

လီဗာပူးသည် ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ကစားခဲ့ခြင်းဖြစ်ပြီး တစ် ပွဲလုံးတွင် ဂိုးပေါက်ခြိမ်းခြောက်မှု ၁၆ ကြိမ် ရရှိခဲ့သည်။ ဆာလက်ချ်သည် ပွဲပြီးလုချိန်တွင် နောက်ပေါက်ဖြင့် လှလှပပ ဂိုးသွင်းခဲ့၍ နှစ်ဂိုး ဂိုးမရှိ အနိုင်ရခဲ့ခြင်းဖြစ်သည်။

 အီဂျစ် တိုက်စစ်မှူး ဆာလက်ချ် နှစ်ဂိုးသွင်းနိုင်ခဲ့သောကြောင့် လီဗာပူး ကစားသမားဟောင်းများဖြစ်သည့် တောရက်စ်နှင့် ဆွာရက်ဇ်တို့၏ ဂိုး သွင်းနှုန်းကို ကျော်ဖြတ်နိုင်ခဲ့သည်။ 

စပိန်တိုက်စစ်မှူးဟောင်း တောရက်စ် သည် လီဗာပူး ကစားသမားဘဝ ၁၄၂ ပွဲ ကစားခဲ့ရာ ၈၁ ဂိုးသွင်းယူထားပြီး ဆွာရက်ဇ်မှာ ၁၃၃ ပွဲ၌ ၈၂ ဂိုး သွင်းယူ ထားသည်။

ဆာလက်ချ်မှာ လီဗာပူး ကစားသမားဘဝ ၁၂၆ ပွဲ ကစားပြီး ချိန်၌ ၈၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။ယမန်နှစ် ဘောလုံးရာသီက ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ပူးတွဲရရှိခဲ့သော ဆာ လက်ချ်သည်ယခုနှစ် ပရီးမီးယားလိဂ် ကိုးဂိုးသွင်းယူကာ ပြိုင်ပွဲစုံ ၁၃ ဂိုး သွင်းယူထားသည်။

လက်စတာအသင်းမှာ မထင်မှတ် ဘဲ သရေကျခဲ့၍ နိုင်ပွဲဆက်ခဲ့သည်။ လီဗာပူးက ပွဲစဉ် ၁၇ အပြီး ၁၆ ပွဲနိုင်၊ တစ်ပွဲသရေ၊ ၄၉ မှတ်ဖြင့် ဒုတိယနေရာ မှ လက်စတာကို ၁ဝ မှတ်ဖြတ်ကာ ဦးဆောင်လျက်ရှိသည်။



ဖတ်ရှုမှုအများဆုံး