အိပ်ပျော်နေသည့် မိန်းကလေးထံမှရွှေဆွဲကြိုးကို ခြိမ်းခြောက်လုယက်

အိပ်ပျော်နေသည့် မိန်းကလေးထံမှရွှေဆွဲကြိုးကို ခြိမ်းခြောက်လုယက်

မြဝတီမြို့နယ်တွင် အိပ်ပျော်နေသည့် မိန်းကလေးထံမှ ရွှေဆွဲကြိုးကို အိမ်နီးချင်းက ခြိမ်းခြောက်လုယက်ခဲ့မှုကို သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားကြောင်း ယနေ့ဒီဇင်ဘာ ၁၆ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၅ ရက် နံနက် ၄ နာရီခွဲတွင် မြဝတီမြို့(၃)ရပ်ကွက်နေ အသက်(၁၅)နှစ်အရွယ် မိန်းကလေးသည် မိဘများ ဈေးရောင်းသွားနေခိုက် နေအိမ်အိပ်ခန်းအတွင်း တစ်ဦးတည်းအိပ်ပျော်နေစဉ် အိမ်နီးချင်းနေ ဝေလင်း(၃၅)နှစ်မှ ခြင်ထောင်အတွင်း ဝင်ရောက်လာခဲ့သည်။

ထို့နောက် လည်ပင်းကို ညှစ်၍ ခြိမ်းခြောက်ပြောဆိုကာ ဝတ်ဆင်ထားသော ဆွဲကြိုးအားဖြတ်ယူ ထွက်ပြေးသွားသောကြောင့် မိဘများပြန်ရောက်စဉ် အကျိုးအကြောင်းပြောပြကာ အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ မြဝတီ မြို့မရဲစခန်းက (ပ)၁၃၄၆/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရ အမှုဖွင့်ဖမ်းဆီး အရေးယူထားသည်။