နည်းပြဂတ်တူဆို၏ နာပိုလီပွဲဦးထွက် အိမ်ကွင်းရှုံးပွဲကြုံ ပြဿနာများကို ခေါင်းထဲကထုတ်ရမည်ဟု ဂတ်တူဆိုပြော

နည်းပြဂတ်တူဆို၏ နာပိုလီပွဲဦးထွက် အိမ်ကွင်းရှုံးပွဲကြုံ ပြဿနာများကို ခေါင်းထဲကထုတ်ရမည်ဟု ဂတ်တူဆိုပြော

နာပိုလီအသင်းသို့ရောက် ရှိလာခဲ့သော နည်းပြဂတ်တူဆို သည် ဒီဇင်ဘာ ၁၄ ရက်က ပွဲဦးထွက်အဖြစ် အိမ်ကွင်း တွင် ပါးမားနှင့်ယှဉ်ပြိုင် ခဲ့ရာ နှစ်ဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

နည်းပြဂတ်တူ ဆိုသည် ပွဲထွက်လူစာ ရင်းတွင် အမာခံကစားသမားများကိုအသုံးပြု၍ ပါးမားအားရင်ဆိုင်ခဲ့သည်။ ပါးမားသည် ပွဲချိန် လေးမိနစ်တွင် ဦးဆောင်ဂိုးရရှိခဲ့ပြီး ကူလူ ဆက်ဗ်စကီးက သွင်းယူခဲ့သည်။ နာပိုလီ သည် ဒုတိယပိုင်း ၆၄ မိနစ်ရောက်မှသာ ချေပဂိုးပြန်ရခဲ့ပြီး တိုက်စစ်မှူးမီလစ်က သွင်းပေးခဲ့သည်။

နာပိုလီသည် အိမ်ကွင်းတွင် စီးရီးအေနိုင်ပွဲပြန်ရရန် ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ဘဲ ပွဲပြီးလုချိန်၌ ဂါဗင်ဟိုက ပါးမားအတွက် အနိုင်ဂိုးသွင်းယူခဲ့၍ ရှုံးပွဲကြုံခဲ့သည်။ နာပိုလီအသင်းသည် ၂၀၁၀ ပြည့်နှစ် မတ်လနောက်ပိုင်း ပထမဆုံးအကြိမ် စီးရီးအေအိမ်ကွင်းလေးပွဲ ဆက်တိုက်အနိုင်ပျောက်ခဲ့သည်။ ထို့အပြင် နာပိုလီသည် နောက်ဆုံး ကစားခဲ့သော စီးရီးအေရှစ်ပွဲဆက်တိုက် တစ်ပွဲမှမနိုင်ခဲ့ပေ။

နည်းပြဂတ်တူဆိုက "အခုလက်ရှိအချိန်မှာတော့ ကျွန်တော် တို့ဟာ စိတ်ဓာတ်ပိုင်းအကောင်းဆုံးဖြစ်မနေဘူး။ နာပိုလီအသင်း ဟာ အများကြီးအလားအလာရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ကနေ ပြန်စဖို့လိုနေပြီ။ ပြဿနာကို ခေါင်းထဲကထုတ်ထားရမယ်။ လက်ရှိအသင်းရဲ့အခြေအနေက မဟန်ဘူး"ဟု ပြောသည်။

နာပိုလီသည် ယခုနှစ်ရာသီ ရလဒ်ဆိုးများကြောင့် ဝါရင့်နည်းပြ အန်ဆယ်လော့တီကိုထုတ်ပယ်၍ အေစီမီလန်နည်းပြ ဂတ်တူဆိုကို ခန့်အပ်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး