မူးယစ်မှုဖြင့် ထောင်ကျနေသူအကျဉ်းသား သေဆုံး

မူးယစ်မှုဖြင့် ထောင်ကျနေသူအကျဉ်းသား သေဆုံး

အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း မူးယစ်မှုဖြင့် ထောင်ဒဏ်ကျခံနေရသူ အကျဉ်းသားတစ်ဦး သေဆုံးခဲ့မှုကို သက်ဆိုင်ရာက အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ဒီဇင်ဘာ ၁၇ ရက်က သိရသည်။

ဒီဇင်ဘာ ၁၆ ရက် ည ၈ နာရီခွဲခန့်တွင် အင်းစိန်မြို့နယ် ဗဟိုအကျဉ်းထောင်၌ အကျဉ်းသားတစ်ဦးသေဆုံးကြောင်းသတင်းအရ မြို့နယ်တရားသူကြီး ဦးရဲနိုင်သန်းနှင့် မြို့မရဲစခန်းမှူး ဒုရဲမှူး တင်လတ်တို့က သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ မူးယစ်ဆေးဝါးမှုဖြင့်ထောင်ဒဏ် ၆ နှစ် ကျခံထားရသည့် အင်းစိန်မြို့နယ်နေ ဟိန်းကိုကို(ခ) ဟိန်းကို(၂၇ နှစ်)ဖြစ်ကြောင်းသိရပြီး အကျဉ်းထောင်အိပ်ဆောင်အတွင်း နံနက် ၁၁ နာရီခွဲခန့်က အိပ်နေစဉ် အလွန်အမင်းအော့အန်ခြင်း၊ နှလုံးခုန်မမှန်ခြင်းတို့ကြောင့် အကျဉ်းထောင်ဆေးရုံသို့ပို့အပ်စဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

အလောင်းကို အကျဉ်းထောင်ဆေးရုံက ပီအာရ် ဝ၂၇ ဖြင့်လက်ခံထားပြီး အင်းစိန်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၁၅/၁၉ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။