လိုက်ပ်ဇစ်နှင့် သုံးဂိုးစီသရေကျခဲ့မှု လက်ခံရန်ခက်ခဲဟု ဖက်ရီပြော ၅၁ နှစ်ကြာ ဘွန်ဒက်စ်လီဂါစံချိန်ကို ဆန်ချို ချိုးဖျက်နိုင်

လိုက်ပ်ဇစ်နှင့် သုံးဂိုးစီသရေကျခဲ့မှု လက်ခံရန်ခက်ခဲဟု ဖက်ရီပြော ၅၁ နှစ်ကြာ ဘွန်ဒက်စ်လီဂါစံချိန်ကို ဆန်ချို ချိုးဖျက်နိုင်

ဒေါ့မွန်အသင်းသည် ဒီဇင်ဘာ ၁၇ ရက်က အိမ်ကွင်းတွင် လိုက်ပ်ဇစ်နှင့်ယှဉ်ပြိုင်ခဲ့ရာ ဦး ဆောင်ဂိုးများ သွင်းနိုင်ခဲ့သော်လည်း ဂိုးများပြန် ပေးခဲ့ရ၍ သုံးဂိုးစီသရေကျခဲ့ကြောင်း သိရသည်။

ဒေါ့မွန်နှင့်လိုက်ပ်ဇစ်တို့၏ပွဲကို ပရိသတ် ၈၀ဝ၀ဝ လာရောက်ကြည့်ရှုခဲ့ပြီး ဒေါ့မွန်မှာ ပထမပိုင်း၌ နှစ်ဂိုးပြတ်ဦးဆောင်ခဲ့ကာ ဝီဂယ်နှင့်ဘရန့်တို့က သွင်းယူပေးခဲ့သည်။ လိုက်ပ်ဇစ်တိုက်စစ်မှူး တီမို ဝါနာမှာ ပွဲချိန် ၄၇၊ ၅၃ မိနစ်၌ ဂိုးများပြန်သွင်း ခဲ့၍ နှစ်ဂိုးစီသရေကျခဲ့သည်။

ဒေါ့မွန်အဓိကကစားသမား ဆန်ချိုသည် ပွဲချိန် ၅၅ မိနစ်တွင် မာကိုရူးစ်၏ဖန်တီးမှုမှတစ် ဆင့် တတိယဂိုးသွင်းယူခဲ့သည်။ လိုက်ဖ်ဇစ်သည် ပွဲချိန် ၇၇ မိနစ်၌ ချေပဂိုးပြန်ရခဲ့သည်။ နှစ်သင်း စလုံးသည် လက်ကျန်မိနစ်များတွင် ဂိုးသွင်းနိုင် ရန် ကြိုးစားခဲ့သော်လည်း ပွဲရလဒ်မပြောင်းခဲ့ပေ။

ဒေါ့မွန်နည်းပြဖက်ရီက "အရှိန်အဟုန်နဲ့ကစားခဲ့ပြီး ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ နှစ်သင်းစလုံး ဟာ ပွဲစကတည်းက ဖိအားပေးကစားနိုင်ခဲ့တယ်။ ပထမပိုင်းမှာဆိုရင် ကျွန်တော်တို့အသင်း ပိုကောင်း ခဲ့ပါတယ်။ နှစ်ဂိုးပြတ်ဦးဆောင်ပြီး နောက်ထပ် ဂိုးရချင်ခဲ့တယ်။ ဒါပေမဲ့ နှစ်ဂိုးပြန်ပေးလိုက်ရတယ်။ သရေရလဒ်က လက်ခံဖို့ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော် အကောင်းမြင်ပါတယ်"ဟု ပြောကြားခဲ့သည်။

အင်္ဂလန်တောင်ပံတိုက်စစ်မှူး ဆန်ချိုသည် ဂိုးသွင်းနိုင်ခဲ့၍ ၅၁ နှစ်ကြာ တင်ရှိထားသော ဘွန်ဒက်စ်လီဂါစံချိန်တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ သည်။ ဆန်ချိုသည် အသက် ၁၉ နှစ်၊ ၂၆၇ ရက် ဖြင့် ဘွန်ဒက်စ်လီဂါသွင်းဂိုး ၂၂ ဂိုးသွင်းယူနိုင် ခဲ့သည်။

ထို့ကြောင့် ဆန်ချိုသည် ၁၉၆၈ ခုနှစ်က အသက် ၁၉ နှစ်၊ ၂၆၉ ရက်ဖြင့် ဘွန်ဒက်စ်လီဂါ ၂၂ ဂိုးသွင်းယူနိုင်ခဲ့ သော ကော့ပယ်၏ စံချိန်ကိုကျော်ဖြတ် နိုင်ခဲ့သည်။ ဆန်ချို သည် ယခုနှစ် ဘွန်ဒက်စ်လီဂါ၌ သွင်းဂိုး ကိုးဂိုး သွင်းယူထားသည်။



ဖတ်ရှုမှုအများဆုံး