ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒို ဂျူဗင်တပ်စ်၌ ကစားသမားဘဝကုန်ဆုံးနိုင်

ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒို ဂျူဗင်တပ်စ်၌ ကစားသမားဘဝကုန်ဆုံးနိုင်

ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒိုသည် လက်ရှိကစားနေသော ဂျူဗင်တပ်စ် အသင်း၌သာ ကစားသမားဘဝကုန်ဆုံးနိုင်ကြောင်း အေးဂျင့်ဖြစ်သူ ဂျော့မန် ဒက်စ်က စကိုင်းစပို့စ်နှင့်တွေ့ဆုံရာတွင် ထုတ်ဖော်ပြောကြားခဲ့ သည်။

ဘော် လွန်းဒီအော်ဆုကို ငါးကြိမ်ရရှိထားသော စီရိုနယ်ဒိုသည် လာမည့် ၂၀၂၀ ဖေဖော်ဝါရီလတွင် အသက် ၃၅ နှစ်ပြည့်မည်ဖြစ်သည်။ ရီးရဲလ်မက်ဒရစ်တိုက် စစ်မှူးဟောင်း စီရိုနယ်ဒိုသည် ဂျူဗင်တပ်စ်နှင့် ချုပ်ဆိုထားသော စာချုပ်အရ လာမည့် ၂၀၂၂ ခုနှစ်အထိ ပါဝင်ကစားရမည် ဖြစ်သည်။ စီရိုနယ်ဒိုသည် ဂျူဗင်တပ်စ်၌ပျော်ရွှင်နေ ကြောင်း ဂျော့မန်ဒက်စ်က ယုံကြည်နေသည်။

  ဂျော့မန်ဒက်စ်က "စီရိုနယ်ဒိုဟာ ဂျူဗင်တပ်စ် အသင်းမှာပဲ  ပျော်ရွှင်နေပါတယ်။  ဂျူဗင်တပ်စ်မှာ တကယ်ထူးချွန်တဲ့နည်းပြလည်းရှိတယ်။ စီရိုနယ်ဒိုဟာ ဂျူဗင်တပ်စ်မှာပဲ ကစားသမားဘဝကုန်ဆုံးနိုင်မလား ဆိုရင် ဟုတ်တယ်လို့ ပြောချင်ပါတယ်"ဟု ပြောကြား ခဲ့သည်။

စီရိုနယ်ဒိုသည် ရီးရဲလ်မက်ဒရစ်၌ ကိုးနှစ်ကြာပါဝင်ကစားခဲ့ပြီး အောင်မြင်မှုများရရှိပြီးနောက် ၂၀၁၈ ခုနှစ် နွေရာသီအပြောင်းအရွှေ့တွင် ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ခဲ့သူဖြစ် သည်။ စီရိုနယ်ဒိုသည် ဂျူဗင် တပ်စ်နှင့် စကူဒက်တိုချန် ပီယံဆုဖလား ပိုင်ဆိုင် ထားပြီး ချန်ပီယံလိဂ် ဆုဖလားဆွတ်ခူးရရှိရန် ပစ်မှတ်ထားနေသည်။ စီရိုနယ်ဒို သည် ယခုနှစ် ဘောလုံးရာသီ တွင် ၁၁ ဂိုး သွင်းယူထားသည်။



ဖတ်ရှုမှုအများဆုံး