အဲဗာတန် − အာဆင်နယ်
စနေ၊ ည ၇းဝဝ
အဲဗာတန်တို့ ကိုယ့်ထက် အားကြီးတဲ့အသင်းကြီးတွေနဲ့ ဆက်တိုက်ဆုံတွေ့နေရပါတယ်။ လက်စတာနဲ့ လီဗာပူးကို ရှုံးပြီးချယ်လ်ဆီးကိုအနိုင်၊ မန်ယူကို သရေကစားထားပါတယ်။ အခုလည်း အာဆင်နယ်ကို အိမ်ကွင်းမှာ ဧည့်ခံရဦးမှာပါ။ အာဆင်နယ်ရဲ့ ခြေစွမ်းက မတည်ငြိမ်တဲ့အပြင် အဲဗာတန်က နာမည်ကြီးအသင်းတွေကို ခံကစားတတ်တာကြောင့် အိမ်ရှင်ကိုပဲ အားပေးချင်ပါတယ်။
ဘုန်းမောက် − ဘန်လေ
စနေ၊ ည ၉း၃ဝ
ဒီနှစ်သင်း နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာကိုယ်စီအနိုင်ရခဲ့ပါတယ်။ ဘုန်းမောက်က ချယ်လ်ဆီးကို အဝေးကွင်းမှာ အနိုင်ရခဲ့ပြီး ဘန်လေက အိမ်ကွင်းမှာ နယူးကာဆယ်အသင်းကို အနိုင်ရခဲ့ပါတယ်။ ဒါကြောင့်ချယ်လ်ဆီးလိုအသင်းကိုတောင် အနိုင်ရအောင် ကစားခဲ့တဲ့ ဘုန်းမောက်ကိုပဲ ဆက်လက်ရွေးချယ်ချင်တယ်။
ဗီလာ − ဆောက်သမ်တန်
စနေ၊ ည ၉း၃ဝ
နှစ်သင်းစလုံးက ရှုံးပွဲတွေနဲ့ တန်းဆင်းဇုန်နားမှာ ရစ်ဝဲနေတုန်းပါပဲ။ အမှတ်တူ ဂိုးကွာခြားချက်နဲ့ အထက်အောက် ရပ်တည်နေတဲ့အသင်းတွေပါ။ ဗီလာက အခုပွဲမတိုင်မီ ကြားရက်မှာ လီဗာပူးနဲ့ လိဂ်ဖလားပွဲ ကစားခဲ့ရပါသေးတယ်။ ဒါကြောင့် အခုအိမ်ကွင်းပွဲစဉ်ဖြစ်ပေမဲ့ ပွဲပန်းမှုဒဏ်ကိုတော့ အနည်းနဲ့အများ ခံစားရမှာပါ။ ဆောက်သမ်တန် အမှတ်ခွဲယူသွားမယ် ထင်တယ်။
ဘရိုက်တန် − ရှက်ဖီးလ်
စနေ၊ ည ၉း၃ဝ
ဘရိုက်တန်တို့ ဇယားအောက်ပိုင်းနဲ့ ဝေးနိုင်သလောက် ဝေးအောင် ကြိုးစားနေပြီးရလဒ် အနည်းငယ်ပြန်ကောင်းလာပါတယ်။ရှက်ဖီးလ်ကလည်း နောက်ပိုင်းပွဲစဉ်တွေမှာ ခြေပိုငြိမ်လာပါတယ်။ ဘရိုက်တန်ရဲ့ ခြေစွမ်းက ရှက်ဖီးလ်ကိုတော့ မမီသေးပါဘူး။ အိမ်ကွင်းဖြစ်ပေမဲ့ ရှက်ဖီးလ် အသင်းရဲ့ ကစားအားကြောင့် ဘရိုက်တန်တို့ အမှတ်ခွဲပေးရနိုင်ပါတယ်။
နယူးကာဆယ် − ပဲလေ့စ်
စနေ၊ ည ၉း၃ဝ
ဆောက်သမ်တန်၊ ရှက်ဖီးလ်တို့ကို အနိုင်ရခဲ့တဲ့ နယူးကာဆယ်တို့ ဘန်လေနဲ့ပွဲမှာရှုံးပွဲကြုံသွားပါတယ်။ အခုအိမ်ကွင်းပွဲမှာကစားအား ပြန်တင်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။ ပဲလေ့စ်ကလည်း ဆိုးရွားတဲ့အခြေအနေမှာ ရှိနေတဲ့အသင်း မဟုတ်ပါဘူး။ နယူးကာဆယ်မှာတော့အိမ်ကွင်းဆိုတဲ့ အားသာချက်ရှိနေပါတယ်။ အိမ်ရှင် နယူးကာဆယ်နဲ့ပဲ လက်တွဲကြည့်ရအောင်။
နောဝစ်ချ် − ဝုဗ်
စနေ၊ ည ၉း၃ဝ
နောဝစ်ချ်တို့ အနိုင်ရလဒ်ကို ရှာမတွေ့တာ လေးပွဲရှိပါပြီ။ နောက်ဆုံးကစားခဲ့တဲ့ လေးပွဲမှာ နှစ်ပွဲရှုံး၊ နှစ်ပွဲသရေသာ ရထားပါတယ်။ ဝုဗ်ကလည်း စပါးကို နောက်ဆုံးပွဲမှာရှုံးထားပါတယ်။ လက်ရှိအချိန်မှာ အိမ်ရှင်တို့အမှတ်လိုနေတာကို ထည့်စဉ်းစားလိုက်မယ်ဆိုရင် အိမ်ရှင်နဲ့ပဲ ပူးပေါင်းသင့်ပါတယ်။
မန်စီးတီး − လက်စတာ
တနင်္ဂနွေ၊ နံနက် ဝဝးဝဝ
နှစ်သင်းစလုံးအတွက် ဘယ်အသင်းကခြေပိုမှန်လဲဆိုတာ အစမ်းသပ်ခံရမယ့်ပွဲပါ။လက်ရှိအချိန်မှာတော့ လက်စတာက အမှတ်ပေးဇယားမှာ အပေါ်က ရပ်တည်နေတဲ့အသင်းပါ။ မန်စီးတီးကလည်း လက်ရှိချန်ပီယံဆိုတဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်နေရတဲ့အသင်းဖြစ်ပါတယ်။ လက်စတာရဲ့ ကစားအားကိုလည်း လျှော့တွက်လို့ မရတာကြောင့် သရေရလဒ်သာ ထွက်ပေါ်လာနိုင်တယ်။
ဝက်ဖို့ဒ် − မန်ယူ
တနင်္ဂနွေ၊ ည ၈း၃ဝ
ဝက်ဖို့ဒ်က အမှတ်ပေးဇယားအောက်ဆုံး က အသင်းပါ။ မန်ယူနဲ့ယှဉ်ရင် အနေအထားချင်း အများကြီးကွာပါတယ်။ ဒါပေမဲ့ အခုကစားရမှာက ဝက်ဖို့ဒ်ကွင်းဖြစ်တဲ့အပြင် မန်ယူက အသင်းငယ်တွေနဲ့တွေ့ရင် ခြေယိုင်တတ်ပါတယ်။ အခြေအနေချင်း ကွာပေမဲ့ မန်ယူတို့ နိုင်ခဲ့မယ်ဆိုရင်တောင် ဂိုးမပြတ် နိုင်ပါဘူး။
စပါး - ချယ်လ်ဆီး
တနင်္ဂနွေ၊ ည ၁၁းဝဝ
စပါးနည်းပြ မော်ရင်ဟိုအတွက် အသင်းဟောင်းကို ပြန်ရင်ဆိုင်ရမယ့်ပွဲပါ။ မန်ယူနဲ့ပွဲစဉ်တုန်းကတော့ ၂-၁ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။ အခုချယ်လ်ဆီးနဲ့ အိမ်ကွင်းမှာ ကစားရမယ့်ပွဲက ဒါဘီပွဲစဉ်လည်း ဖြစ်နေတာကြောင့် မော်ရင်ဟိုပေါ့လို့မရပါဘူး။ စပါးအသင်းကိုအကောင်းဆုံးရလဒ်တစ်ခု မော်ရင်ဟို ယူဆောင်ပေးလိမ့်မယ်ထင်တယ်။















