အာဆင်နယ်ပွဲကို ဒန်ကန်ဖာဂူဆန်သာ ကိုင်တွယ်မည်

အာဆင်နယ်ပွဲကို ဒန်ကန်ဖာဂူဆန်သာ ကိုင်တွယ်မည်

အာဆင်နယ်နှင့် ကစားရမည့်ပွဲကို အဲဗာတန်ယာယီနည်းပြ ဒန်ကန်ဖာဂူ ဆန်သာ ဆက်လက်ကိုင်တွယ်မည်ဖြစ် ကြောင်း အင်္ဂလန်သတင်းများက ရေးသားခဲ့သည်။

အဲဗာတန်အသင်းတာဝန် ရှိသူများသည် ရလဒ်ဆိုးရွားမှုကြောင့် ယခုလ အစောပိုင်းက နည်းပြမာကို ဆေးလ်ဗားကိုထုတ်ပယ်၍ အသင်းတိုက် စစ်မှူးဟောင်း ဒန်ကန်ဖာဂူဆန်အား ယာယီတာဝန်ပေးခဲ့သည်။

ဖာဂူဆန်သည် ချယ်လ်ဆီးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိရန် စွမ်းဆောင် ခဲ့ပြီး မန်ယူအသင်းနှင့်လည်း တစ်ဂိုးစီ သရေကျအောင် နည်းပြပေးခဲ့သည်။

၄၇ နှစ်အရွယ် ဖာဂူဆန်လက်ထက် အဲဗာတန်မှာ ကြားရက်က ကာရာဘောင်း ဖလား ကွာတားဖိုင်နယ်တွင် လက်စတာ ကို ပင်နယ်တီဖြင့်ရှုံးနိမ့်ခဲ့သည်။

သတင်းများ၏အဆိုအရ ဝါရင့်နည်း ပြ အန်ဆယ်လော့တီသည် တစ်ရာသီ ပေါင် ၁၁ ဒသမ ၅ သန်းဖြင့် အဲဗာတန်ကို နည်းပြရန် သဘောတူညီထားကြောင်း သိရသည်။ သို့သော် နည်းပြထပ်မံ ပြောင်းလဲမှုမှာ ချက်ချင်းမဖြစ်နိုင်သေးဘဲ အာဆင်နယ်ပွဲကို ဒန်ကန်ဖာဂူဆန်သာ နည်းပြဦးမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး